အကြမ်းဖက်များဖျက်ဆီးသွားသည့် ဆည်တော်ကြီးတမံမှရေပြန်လွှတ်ပေးမည်


(ပြည်တွင်း) သြဂုတ် ၁၀

မန္တလေးတိုင်ဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအား PDF အကြမ်းဖက်သောင်းကျန်းသူများမှ ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ပြီး ဆည်တော်ကြီးရေလှောင်တမံမှ ရေလွှတ်သည့် မောင်းတံများအား ဖျက်ဆီးသွားကြောင်း သိရသည်။

PDF အကြမ်းဖက်သောင်း ကျန်းသူများ ဖျက်ဆီးခဲ့သဖြင့် ဆည်တော်ကြီးရေလှောင်တမံမှ ရေမလွှတ်နိူင်တော့ဘဲ လက်တံမြောင်းများတွင် ရေပြတ်လပ်မှု ဖြစ်ပွားခဲ့ဟု ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ယခုအခါ တပ်မတော်မှ ဆည်တော်ကြီးရေလှောင်တမံအား ပြန်လည်ထိန်းချုပ်နိူင်ခဲ့ပြီး ပျက်စီးနေသည့် မောင်းတံများအား ပြန်လည်ပြင်ဆင်ခဲ့ကြောင်းနှင့် ယနေ့ သြဂုတ် ၁၀ ရက်နေ့မှစ၍ ဆည်တော်ကြီးတမံမှ ရေများစတင်လွှတ်ပေးနေပြီဖြစ်ကြောင်းသိရပြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ လက်တံမြောင်းများတွင် ရေများရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ