ရုရှားပိုင်နက်အတွင်းဝင်ရောက်လာသည့် ယူကရိန်းတပ်တွေများအား သုံးတန်ဗုံးများဖြစ်တိုက်ခိုက်


(နိုင်ငံတကာ)ဩဂုတ် ၁၁

ရုရှားပိုင်နက်အတွင်းဝင်ရောက်လာသည့် ယူကရိန်းတပ်တွေများအား FAB-3,000 သုံးတန်ဗုံးများဖြစ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရုရှားနိုင်ငံ၏နယ်နိမိတ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည့် ယူကရိန်းတင့်ကားတပ်များသည် ရုရှားတပ်ဖွဲ့များနှင့် ပြင်းပြင်း ထန်ထန် တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်သေဆုံးမှုများပြားနေကြောင်းသိရသည်။

အဆိုပါ ယူကရိန်းစစ်သားများအား တစ်လုံးလျှင် ၃ တန်လေးသည့် အပြင်းစား FAB-3,000 ဗုံးများအား Su-34 ဗုံးကြဲတိုက်လေယာဉ်ဖြင့် အသုံးပြုတိုက်နေ ကြောင်းသိရသည်။

ယူကရိန်းတင့်ကားတပ်သည် လေကြောင်းပစ်ကူများရယူကာ ရုရှားပိုင်နက်သို့ ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ယူကရိန်းတပ်ဖွဲ့များသည် ရုရှားအစိုးရပိုင် နျူကလီးယားဓာတ်အားပေးစက်ရုံတည်ရှိသည့် ကာချာတိုဗီမြို့ကို ရောက်ရန် ၁၀ မိုင်ဝန်းကျင်အကွာသို့ ရောက်ရှိနေပြီး ဆက်လက်ချီတက်တိုက်ခိုက်လျှက်ရှိသည်။

ယူကရိန်းတပ်များချီတက်တိုက်ခိုက်နေသည့်အတွက် ရုရှားအစိုးရနှင့်ဒေသအာဏာပိုင်များသည် ဒေသခံများအား အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပြီး ရွှေ့ပြောင်းနေရာချထားမှုများ လုပ်ဆောင်နေကြောင်းသိရသည်။

ရုရှားသမ္မပူတင်သည် ယူကရိန်းတပ်များအား ချေမှုန်းရန် ကက်ရှ်ဒေသနှင့် အနီးအနားတစ်ဝိုက်အား ပြန်လည်ထိန်းချုပ်ပြီး တိုက်ခိုက်နိုင်ရန် တင့်ကား၊ သံချပ်ကာကားနှင့် စစ်သည်များ၊ အမြှောက်တင်ယာဉ်များအား အင်အားအလုံးအရင်း စေလွှတ်ထားကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ