ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်များ၏ ယာယီစခန်းအား သိမ်းပိုက်ရရှိ


(ပြည်တွင်း) သြဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း ယမန်နေ့က တပ်မတော်စစ်ကြောင်းမှနယ်မြေလုံခြုံရေးဆောင်ရွက်စဉ် မြို့၏ အရှေ့တောင်ဘက် ၁၇ မိုင်ခန့် အကွာသို့အရောက်တွင် အကြမ်းဖက်အဖွဲ့ဝင် ၁၀ ဦးခန့်က စတင်ပစ်ခတ်တိုက်ခိုက်လာသ ဖြင့် လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားခဲ့ရကြောင်း သိရှိရသည်။

အကြမ်းဖက်အဖွဲ့များ ဆုတ်ခွာထွက်ပြေးရာသို့ လုံခြုံရေးတပ်ဖွဲ့များက လိုက်လံရှင်းလင်းရာ ရန်သူ့ ယာယီစခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး၊ အကြမ်းဖက် အလောင်း ၂ လောင်း၊ ၁၂ ဘိုးလ်ကျည် ၅ တောင့်၊ လက်လုပ်မိုင်း ၂ လုံး၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ တဲမျိုးစုံ ၄ လုံး၊ တန်းစီကွင်း ၁ ကွင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ