နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး မြန်မာ-အိန္ဒိယဆွေးနွေး

(ပြည်တွင်း) ဩဂုတ် ၁၁

      နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်း မ၌ ဩဂုတ်လ ၉ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား သတင်းမှန်များ အပြန်အလှန်ထုတ်လွှင့်နိုင်ရေးနှင့် နှစ်နိုင်ငံမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေး ခဲ့ကြောင်း သိရပါတယ်။  

       နှစ်နိုင်ငံမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကြား သတင်းမှန်များ အပြန် အလှန်ထုတ်လွှင့် နိုင်ရေး၊ အိန္ဒိယနိုင်ငံအကူအညီဖြင့် တည်ဆောက်မည့် စာပေဗိမာန်အဆောက် အဦကို စက်တင်ဘာလတွင် မင်္ဂလာ ပန္နက်တင်နိုင်ရေး၊ စီးပွားရေးကဏ္ဍ၊ ခရီးသွားမြှင့်တင်ရေးကဏ္ဍ၊ စာပေနှင့်ယဉ်ကျေးမှုကဏ္ဍများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြားဆက်ဆံရေး ပိုမိုတိုးမြှင့်သွားနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

      အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပါတယ်။

#PAN