နွားထိုးကြီးမြို့မှ ဌာနဆိုင်ရာရုံးများအား PDF မီးရှို့ဖျက်ဆီး


(ပြည်တွင်း) သြဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့ပေါ်သို့ PDF အကြမ်းဖက်သောင်း ကျန်းသူများမှ သြဂုတ် ၁၀ ရက်နေ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခြင်း Drone များဖြင့် Drop Bomb များဖြင့် တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

PDF အကြမ်းဖက်များမှ မြို့တွင်းဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နွားထိုးကြီးမြို့နယ် စည်ပင်သာယာရုံး၊ ဆောက်လုပ်ရေးရုံး၊ မြို့နယ်တရားရုံးနှင့်ဥပဒေရုံး အဆောက်အဦးများနှင့် မော်တော်ယာဥ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အမည်ခံအဖွဲ့များနှင့် ပူးပေါင်းကာ ပစ်ခတ် သတ်ဖြတ်ခြင်းများအပြင် လူ့အခွင့်အရေးချိုးဖောက် မှုများကျူးလွန်လျှက်ရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ