တောင်တရုတ်ပင်လယ်၌ တရုတ်စစ်လေယာဉ်များ လှုပ်ရှားပျံသန်းမှုကို ဖိလစ်ပိုင်စစ်ဘက်ဝေဖန်

(နိုင်ငံတကာ) သြဂုတ် ၁၁

      တောင်တရုတ်ပင်လယ်ပိုင်ဆိုင်ခွင့် အငြင်းပွားနယ် မြေတစ်ခု၌ တရုတ်လေတပ်မှ စစ်လေယာဉ်တစ်စင်းက ဘေးအန္တရာယ်ကြီးသည့် ပျံသန်းလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်ဘက်က ဝေဖန်ပြောကြား လိုက်သည်။

      ဖိလစ်ပိုင်နိုင်ငံသည် ယခင်က တရုတ်ရေတပ်နှင့် ကမ်းခြေစောင့်တပ်သင်္ဘောများ၏ တောင်တရုတ် ပင်လယ်ဒေသ လှုပ်ရှားမှုများကိုသာ ဝေဖန်ခဲ့ပြီး တရုတ်လေတပ်၏ လှုပ်ရှားမှုကို ယခုမှသာ ပထမဆုံးအကြိမ် ဝေဖန်ခဲ့ခြင်းဖြစ်သည်။

       တရုတ်လေတပ်မှ စစ်လေယာဉ်နှစ်စင်းသည် ပင်လယ်ရေကြောင်း ကင်းထောက်မှုများပြုလုပ်နေသော ဖိလစ်ပိုင်လေတပ် အင်န်စီ-၂၁၂ အိုင် အမျိုးအစား လေယာတစ်စင်း၏ ပျံသန်းရာလမ်းကြောင်းပေါ်တွင် အန္တရာယ် ကြီးမားသည့် ပျံသန်းချဉ်းကပ်မှုများ ပြုလုပ်ခဲ့ပြီး မီးကျည်များလည်း ပစ်လွှတ်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်ဘက်က သတင်းထုတ်ပြန်ထားသည်။

     တရုတ်စစ်လေယာဉ်များ၏ လုပ်ရပ်သည် ဖိလစ်ပိုင်အထူးစီးပွားရေး ရေပြင်ဇုန်အတွင်း ကင်းလှည့်နေသည့် ဖိလစ်ပိုင်စစ်လေယာဉ်နှင့် ၎င်းလေယာဉ်ပေါ် လိုက်ပါလာသူများအတွက် အန္တရာယ်ကြီးကြောင်း ဖိလစ်ပိုင် စစ်ဘက်က ဝေဖန်ထားသည်။

     ဖိလစ်ပိုင်စစ်ဘက်၏ စွပ်စွဲချက်နှင့်ပတ်သက် ၍ မနီလာမြို့ရှိ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း သိရသည်။

#PAN