PDF ပေါများသည့် ကလေးနှင့် ဂန့်ဂေါတွင် မူးယစ်ဆေးဝါး အမြောက်အမြားဖမ်းမိ

( ပြည်တွင်း) ဩဂုတ်လ ၁၀

အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများရှိနေသည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တို့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများရှိနေကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ် ကျောမြို့ မြို့ဝင်စစ်ဆေးရေးဂိတ်၌ ဩဂုတ်လ ၉ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်ကယာဉ်မောင်း ကျင်စွမ်း မောင်းနှင်လာသော Toyota Hilux Surf ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် ပလတ်စတစ်အိတ်အတွင်းက တီရှပ်အင်္ကျီများဖြင့် ထုပ်ပိုးထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ထုပ်၊ ၁ ထုပ်လျှင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၀(ကာလတန်ဖိုး သိန်း ၆၀၀၀ ကျပ်ခန့်)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၉ ရက် ည ၇ နာရီခွဲခန့်က စစကိုင်းတိုင်းဒေသကြီး ကလေးမြို့ ပင်လုံရပ်ကွက် မလိခအဆင့်မြင့်တံဆိပ်ရိုက်လုပ်ငန်းဆိုင်အား သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေစစ်ဆေးခဲ့ရာ ခင်မောင်ဆွေ(ခ)ဖိုးဆွေနှင့်အတူ နေအိမ် ဂိုဒေါင်ရှိ ဂျပ်ဖာအတွင်း ဆီစိမ်စက္ကူအဝါရောင်ဖြင့် ထုပ်ပိုးထားသော စိတ်ကြွရူးသွပ်ဆေးပြား ၁ ထုပ်လျှင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြားပါ ၂၄ ထုပ်၊ ၊ ၁ ထုပ်လျှင် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြားပါ ၅ ထုပ်၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၄၅၀၀၀ ပြား (ကာလတန်ဖိုး သိန်း ၄၉၀၀ ကျပ်ခန့်)အား ရှာဖွေဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

၎င်းမူးယစ်ဆေးဝါးတရားခံ ၂ ဦးအား တရားဥပဒေနှင့် အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN