အလုပ်သမားများရဲ့ ငွေလွှဲစာရင်းမပြသေးသည့် အေဂျင်စီများကို ဩဂုတ်လမှစ၍ အရေးယူမည်


(ပြည်တွင်း)ဩဂုတ် ၁၀

ပြည်ပနိုင်ငံများသို့ အလုပ်သမားအေဂျင်စီအလိုက် တာဝန်ယူစေလွှတ်ထားတဲ့ အလုပ်သမားများက မိသားစုထံသို့ လွှဲပို့သော လစာငွေလွှဲစာရင်း တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီများကို ယခုဩဂုတ်လမှစတင်ကာ စေလွှတ်ရေးလုပ်ငန်း စဉ်များ ယာယီဆိုင်းငံ့သွားမည်ဖြစ်ကြောင်း သိရပါတယ်။

အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီများအနေနဲ့ ဝန်ဆောင်ယူကာ စေလွှတ်ထားရှိတဲ့ အလုပ်သမားများရဲ့ မိသားစုများထံသို လစာငွေများ ပြန်လည်ပေးပို့ထားမှု အခြေအနေများကို ငွေလွှဲပေးပို့သည့် အထောက်အထားများနှင့် အတူပူးတွဲ၍ ဇွန်လမှစတင်ပြီး လစဥ်လဆန်း ၅ ရက်ထက် နောက်မကျဘဲ အလုပ်သမားဝန်ကြီးဌာန [email protected] သို့ ပေးပို့ရန် ညွှန်ကြားထားတာ ဖြစ်ပါတယ်။

လစာငွေလွှပိုသည့်စာရင်းများကို အချိန်မီတင်ပြခြင်းမရှိသည့် အေဂျင်စီများအား စေလွှတ်ရေးလုပ်ငန်းစဉ်များ ယာယီဆိုင်းငံ့သွားမည်ဖြစ်သလို ဒဏ်ကြေးငွေကိုလည်း ကောက်ခံသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေး အကြောင်းကြားထားတာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ