မြင်းခြံမြို့၊နွားထိုးကြီးမြို့နှင့် တောင်သာမြို့တို့အား အကြမ်းဖက်PDFအဖွဲ့မှ စတင်တိုက်ခိုက်


(ပြည်တွင်း)ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြမြို့နယ်၊နွားထိုးကြီးမြို့နယ်နှင့် တောင်သာမြို့နယ်တို့အား အကြမ်းဖက်PDFအဖွဲ့မှ ယနေ့နံနက်အချိန်တွင် စတင် ပစ်ခတ်တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

ယနေ့နံနက်၄နာရီ အချိန်ခန့်မှစတင်၍ အကြမ်းဖက်သောင်းကျန်းသူများမှ မြင်းခြံမြို့ပေါ်သို့ ရှော့တိုက်ဒုံး ၁၅လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုမသိရသေးကြောင်း ၊အလားတူ ယနေ့နံနက် ၃နာရီအချိန်ခန့်မှ စတင်၍ အကြမ်းဖက်သောင်းကျန်းသူများမှ နွားထိုးကြီးမြို့ပေါ်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း၊အကြမ်းဖက်သောင်းကျန်းသူများမှာ စိုက်ဘဏ်အား မီးရှို့ဖျက်ဆီးလိုက်ပြီးဖြစ်ကြောင်း သိရသည်။ နွားထိုးကြီးမြို့နယ် အထက စာသင်ကျောင်းအတွင်းသို့ အကြမ်းဖက်PDF အင်အား ၃၀၀ခန့် ဝင်ရောက်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

၎င်းအပြင် အကြမ်းဖက်သောင်းကျန်းသူများသည် တောင်သာမြို့ရှိ လျှပ်စစ်ဓါတ်အားခွဲရုံအားလည်း ဝင်ရောက်တိုက်ခိုက်ပြီး ဖျက်ဆီးခဲ့ကြောင်း၊လျှပ်စစ်ဓါတ်အားခွဲရုံတွင် လုံခြုံရေးတာဝန်ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ပြည်သူ့စစ်အဖွဲ့ဝင်များမှ ပြန်လည်ခုခံ ပစ်ခတ်ခဲ့ကြောင်း၊အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်၊တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးတင်ထွန့းနိူင် ကျဆုံးခဲ့ကြောင်း သတင်းရရှိမှုအား သိရသည်။

#PAN