မျောက် ညီနောင် ၃ ကောင်အဖွဲ့ကို ကရင်ပြည်သူအချို့ ဆန္ဒပြ ရှုံ့ချ


(ပြည်တွင်း) သြဂုတ် ၁၀

ကရင်ပြည်နယ် ဘားအံမြို့မှ ၆၀၀ ဦးထက် မနည်းသည့် ကရင်လူထုသည် ရှမ်းပြည််နယ်မြောက်ပိုင်းမှ အကြမ်းဖက်မှုများအားကန့်ကွက်ရှုံ့ချသည့်အနေဖြင့် ဒီကနေ့ နေ့လည်ပိုင်းတွင် လမ်းလျှောက်ဆန္ဒဖော်ထုတ်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်း​လျှောက် ဆန္ဒဖော်ထုတ်မှုကို ဘားအံမြို့၊ အမှတ် (၃)ရပ်ကွက်မှ ဗိုလ်ချုပ်လမ်းရှိ နာရီစင်အထိ ပြုလုပ်ခဲ့ကြသည်ဟုလည်း သိရသည်။

လမ်းလျှောက်ဆန္ဒဖော်ထုတ်မှုအပြီးတွင် ဘားအံမြို့ ရေဦးကျောင်းတိုက်ဆရာတော်မှ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်နေသည့် မျောက် ညီနောင် ၃ ကောင်အဖွဲ့ အားရှုံ့ချကြောင်း၊ နိုင်ငံမပျောက်ပျက်အောင်၊ ကိုယ့်လူမျိုးမပျောက်ပျက်အောင် ပြည်သူများတွင်တာဝန်ရှိသည့်အတွက်လာရောက်ရခြင်းဖြစ်၊ လားရှိုးဖြစ်စဥ်တွင် မျောက်သုံးကောင်အား ယောက်ကျားဆိုရင် ဘောင်းဘီဝတ်အချင်းချင်း သာလုပ်စေချင်ကြောင်း၊ အပစ်မဲ့ပြည်သူများသက်ခြင်းကိုရှုံ့ချပါကြောင်း၊ ပြည်သူများတွင် လည်းတာဝန်ရှိပါကြောင်း၊ MNDAA အဖွဲ့များဇရှိက တပ်မတော်ကိုသာ လုပ်ကိုင်စေလိုကြောင်း၊ အပစ်မဲ့ပြည်သူကိုသက်ဖြတ်ခြင်းအားရှုံချပါကြောင်း၊ ယခုပွဲမျိုး လုပ်ဆောင်ခြင်းသည် ညီညွှတ်ခြင်းကိုပြသခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အား ရှမ်းလူမျိုးများမပိုင်ဆိုင်ကြတော့ကြောင်း၊ ကရင်အနေနှင့်လည်း ရှမ်းပြည်နယ်ကို ပညာယူစေချင်ကြောင်း၊ ဗုဒ္ဓဘာသာကိုရည်ရွယ်ချက်ရှိရှိမစော်ကားဖို့ ပြောကြားလိုကြောင်း၊ ရှမ်းပြည်နယ်ဖြစ်စဥ်သည် ရင်လေးစရာကောင်းပါကြောင်း၊ တာဝန်ရှိသူ များအနေဖြင့်ရဲရဲတင်းတင်းပြက်ပြက်သားသားလုပ်ကိုင်စေလိုကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်ဘာသာရေးစိတ်ဓာတ်ပျော့ညံ့ပါက စိုးရိမ်ရပါကြောင်းဖြစ်ဟော ပြောခဲ့ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ကြသူများမှလည်း အကြမ်းဖက်သမားများအား ဆန့်ကျင်ရှုံ့ချပွဲနှင့်ပတ်သက်၍ ကရင်ဘာသာဖြင့် တာဝန်ရှိသူများအနေဖြင့်လားရှိုးဖြစ်စဥ်အား မျှတစွာ ဖြင့်အရေးယူပေးစေလိုကြောင်း၊ ကရင်များသည် ဖလုံ/ ရှောင် မခွဲခြားပဲ စည်းလုံးညီညွှတ်စွာဖြင့် အမျိုးဘာသာသာသနာအတွက် အတူတိုက်ပွဲဝင်စေလိုကြောင်း၊ လားရှိုးဖြစ်စဥ်နှင့်ပတ်သက်၍ ကရင်ပြည်သူလူထုကိုယ်စားဝမ်းနည်းကြောင်းပြောကြားခဲ့ကြသည်။

လမ်းလျှောက်ဆန္ဒဖော်ထုတ်သူများမှ နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ အကြမ်းဖက် MNDAA အမည်ခံကိုးကန့်သောင်းကျန်းသူများနှင့် ပူးပေါင်း အဖွဲ့အစည်းများအား အလိုမရှိ၊ အပစ်မဲ့ပြည်သူများအားသက်ဖြတ်ခြင်း ချက်ချင်းရပ်၊ စစ်ရေးပစ်မှတ်မဟုတ်သောအများပြည်သူနေရာများအားပစ်ခတ်ခြင်း ချက်ချင်းရပ်၊ MNDAA ၏လူမဆန်သောရက်စက်ရုပ်မာမှုများ ချက်ချင်းရပ်၊ ပြည်ပသြဇာခံပြည်ဖျတ်မိစ္ဆာများ အလိုမရှိ၊ မြန်မာ့တပ်မတော်၏ တရားသောစစ် အောင်ရမည် စသည့်ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြည်သည်ဟု သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ