ဘရာဇီးလ်တွင် ခရီးသည်တင် လေယာဉ်တစ်စီးပျက်ကျ ၆၀ ကျော်သေဆုံး


(နိုင်ငံတကာ)ဩဂုတ် ၁၀

ဘရာဇီးလ်နိုင်ငံ၊ ဆာပေါ်လိုမြို့တွင် ခရီးသည်တင်ေလယာဉ်တစ်စီးပျက်ကျပြီး လူပေါင်း ၆၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

ဘရာဇီလ်းနိုင်ငံတောင်ပိုင်း Cascavel မြို့မှ မြို့တော်ဆေည်ပိုလိုသို့ ပျံသန်းလာသည့် အင်ဂျင်နှစ်လုံးတပ် Voepass လေကြာင်းလိုင်းမှ လေယာဉ်သည် ‌လေယာဉ်ဆင်းသက်စဉ်မှာ ပျက်ကျခဲ့ခြင်းဖြစ်ေကြာင်းသိရသည်။

ATR 72-500 အမျိုးအစား လေယာဉ်သည် ခရီးသည် ၅၇ ဦးနှင့် အမှုထမ်း လေးဦး တင်ဆောင်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူမရှိကြောင်း ဒေသအာဏာပိုင်များက ပြောသည်။

လေယာဉ်သည် လူနေရပ်ကွက်ေပါ်သို့ပျက်ကျခဲ့သော်လည်း မြေပြင်တွင် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ပဲ လူနေအိမ်တစ်လုံးသာ ပျက်စီးခဲ့ကြောင်းသိရသည်။

လေယာဉ်ပျက်ကျမှုဖြစ်စဉ်ေကြာင်း ဘရာဇီးလ်သမ္မတက ဝမ်းနည်ကြောင်း ထုတ်ေဖာ်ပြောဆိုခဲ့ပြီး ဆော်ပိုလိုမြို့တော်ဝန်ကလည်း ဝန်းနည်းကြောင်း နေ့အဖြစ် သုံးရက် သတ်မှတ်ခဲ့ကြောင်းသိရသည်။

Webpage »…
https://positiveanglenews.com/2024/08/10/ရုရှားက-ခုစ်ဒေသကို-နိုင/

VK Link>>…
https://vk.com/wall-220066330_7535

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ