ဘန့်ဘွေးရွာမ လုံခြုံ‌ရေးအဖွဲ့စခန်းသို့ အကြမ်း ဖက်PDFအဖွဲ့များ လာရောက်တိုက်ခိုက် တိုက်ပွဲပြင်းထန်းစွာဖြစ်ပွားပြီး အကြမ်းဖက် ၁၆ ဦးထက်မနည်း သေဆုံးဒဏ်ရာရရှိ

(ပြည်တွင်း) ဩဂုတ် ၁၀      

စစ်ကိုင်းတိုင်းဒေသကြီး ၊ယင်းမာပင်မြို့နယ်၊ဘန့်ဘွေးရွာမရှိ ပြည်သူ့စစ်ပူးပေါင်းလုံခြုံရေးအထိုင်းစခန်းကို ဩဂုတ်လ ၇ ရက်နေ့ ညနေ ၄ နာရီအချိန်မှစ၍ ည ၈ နာရီအချိန်အထိ အကြမ်းဖက် PDFအဖွဲ့များက အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ရာ တိုက်ပွဲအပြင်းအထန်ဖြစ် ပွားခဲ့ကြောင်းသိရသည်။    

အဆိုပါတိုက်ပွဲကို အကြမ်းဖက်PDFအဖွဲ့မှ အင်အား ၄၀၀ ခန့်အသုံးပြုကာ ဘန့်ဘွေးရွာအထိုင်တပ်စခန်းကို လာရောက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲကြာချိန် ၄ နာရီခန့်ထိရှိပြီး လေကြောင်းပစ်ကူရယူကာ လုံခြုံရေးစခန်းမှ ရွပ်ရွပ်ချွန်ချွန်ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲမှာ အကြမ်းဖက်PDF အဖွဲ့က စခန်းအနီးကို တရစပ်ချဉ်းကပ်လာတယ်၊ လုံခြုံရေးစခန်က ပြန်လည်ခုခံပစ်ခတ်နိုင်ပြီး စခန်းအနီးကိုဇွတ်တိုးလာတဲ့ အကြမ်းဖက် PDF တွေကို လုံခြုံရေးအဖွဲ့က အသင့်စောင်ကြို ပစ်ခတ်တဲ့အတွက် သူတို့ရဲ့ ကျည်ကပ်တွေ၊ ကျည်ဆံတွေ၊ကျည်ကာအင်္ကျီတစ်ထည်နဲ့ လက်နက်ကြီးထောက်တိုင်တွေ ကျန်ရစ်ခဲ့တယ်၊ ဒဏ်ရာရအကြမ်းဖက် PDF တယောက်ချင်းစီ ဆွဲထုတ်သွားတာ ၁၆ ဦးထက်မနည်းတွေ့ရတယ်၊ ရွာနဘေးချောင်းထဲမှာ သွေးကွက်တွေ နေရာအနှံတွေ့ရတယ်” ဟု မျက်မြင် ရွာသားများထံမှ ပြောပြလာသည်။    

၎င်းအကြမ်းဖက်အဖွဲ့မှ ဘန့်ဘွေးရွာရှိလုံခြုံရေးအထိုင်စခန်းကို ၃ ရက်နှင့် အပြတ်သိမ်းပိုက်မည်ဟု ကြွေးကျော်ထားကာ ယမန်နေ့ ဩဂုတ်လ ၉ ရက်နေ့က တစ်နေကုန်းနီးပါ ဒရုန်းယာဥ် ၂ စီးဖြင့် Drop bomb များ အသုံးပြုတိုက်ခိုက်ခဲ့ရာ အကြမ်းသမားများ၏ ဒရုန်ယာဉ် ၁ စင်းကို လုံခြုံရေးစခန်းမှ ရယူပစ်ချနိုင်ခဲ့ကြောင်းသိရသည်။      

ယမန်‌နေ့ ညနှင့်နှင့် ယ‌နေ့ ဩဂုတ်လ ၁၀ ရက်နေ့ ယခုအချိန်အထိ အကြမ်းဖက် PDF အဖွဲ့များဆုတ်ခွာသွားခြင်းမရှိပဲ အင်အားထပ်မံဖြည့်တင်းကာ ပြန်လည်းတိုက်ခိုက်ရန် ပြင်ဆင်လျှက်ရှိကြောင်း သိရပါသည်။

#PAN