ဖုတ္ထန်းတောကျေးရွာရှိ အကြမ်းဖက် PDF ဂိတ်ကို အမှတ် ၁၂ တပ်ရင်းမှူးဖြစ်တဲ့ PDF ကိုလူအေးက အင်အားသုံးကာ လာရောက်ဖျက်ဆီး၍ ဒေသခံများကဆန္ဒပြ


ဩဂုတ် ‌၁၀

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ဖုတ္ထန်းတောကျေးရွာရှိ စစ်ဆေးရေးဂိတ်ကို ရွှေဘိုခရိုင်အမှတ် ၁၂ တပ်ရင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေက ပိတ်သိမ်းခဲ့တာကြောင့် ကျေးရွာခံတွေက မကျေမနပ်ဖြစ်ပြီး ဆန္ဒပြခဲ့ကြသည်။

ရွှေဘိုခရိုင်အမှတ် ၁၂ တပ်ရင်းမှ တပ်ရင်းမှူး ကိုလူအေးဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကားသုံးစီးနဲ့ ဩဂုတ် ၇ ရက် နေ့လယ်ပိုင်းမှာ ဖုတ္ထန်းတောကျေးရွာရှိ ကျေးရွာ PDFကင်းဂိတ်ကို ရောက်ရှိလာပြီး အဆောက်အဦနဲ့ဘန်ကာတွေကို ဖျက်ဆီးပြီး ဂိတ်ကို ပိတ်သိမ်းခဲ့တာဖြစ်ပါသည်။

အခုလို ကျေးရွာ PDFစစ်ဆေးရေးဂိတ် ပိတ်သိမ်းတာကို မကျေနပ်တဲ့အတွက် ရွာခံပြည်သူ ၁၀၀ ဝန်းကျင်ခန့်က ဩဂုတ် ၈ ရက် မနေ့က ဆန္ဒပြခဲ့ပြီး ရွှေဘိုခရိုင်အမှတ် ၁၂ တပ်ရင်းမှ တပ်ရင်းမှူး ကိုလူအေးကို အကြမ်းဖက်လုယက်သူ အလိုမရှိ ဟု စာတန်းဆိုင်ပုဒ်ကိုကိုင်ကာ ဆန္ဒပြခဲ့ကြကြောင်းသိရပါသည်။

ဂိတ်တာဝန်ကျနေတဲ့ ရဲဘော်တွေရဲ့ i-con တွေ၊ လက်နက်များကို သိမ်းဆည်းတယ်။ အဆောက်အဦနဲ့ ဘန်ကာကို ဖျက်တယ်ပေါ့။ အဲဒီအပေါ်ကို မကျေနပ်လို့ ပြကြတာပါဟုသိရပါသည်။

ပိတ်သိမ်းခံရတဲ့ စစ်ဆေးရေးဂိတ်ဟာ ဒီပဲယင်းမြို့နယ်နှင့်အရာတော်မြို့နယ်စပ် ခရိုင်ချင်းဆက် လမ်းပေါ်မှာရှိနေတဲ့ဂိတ်တခုဖြစ်ပြီး ကားသမားတွေဆီက ငွေကြေးအခွန်အခများ မတရားကောက်ခံနေလို့ဖြစ်ကြောင်းသိရသည်။

#PAN