ပုလဲမြို့မှ အမျိုးသမီးနှစ်ဦးအား PDF သတ်ဖြတ်

(မှုခင်း) သြဂုတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာ၌ ယာလုပ်ငန်းလုပ်ကိုင်နေသူများကို PDF အကြမ်းဖက်များမှ ပစ်ခတ်သတ်ဖြတ်ဖြင့် အမျိုးသမီးနှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၇ ရက်နေ့ နံနက် ၈ နာရီတွင် ပုလဲမြို့နယ်၊ အင်မထီးကျေးရွာနေ ဒေါ်ချောမေ(၆၀)နှစ်၊ ဒေါ်အေးပိုင် (၄၂)နှစ်နှင့် ဒေါ်နွဲ့ရီ(၄၁)နှစ်တို့သည် ကျေးရွာအနီးရှိ ယာခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားငါးဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများ၏ပစ်ခတ်မှုကြောင့် ဒေါ်ချောမေနှင့် ဒေါ်အေးပိုင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်နွဲ့ရီတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသမူခံယူနေသည်ဟု သိရသည်။

#PAN