ချင်းကွင်းရွာရှိ တပ်မတော်စခန်းအား AA မှ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်

(ပြည်တွင်း) သြဂုတ် ၁၀

ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ကျိန္တလီမြို့မှ (၄)မိုင် ကွာဝေးသည့် ပုန်းညှက်ကျေးရွာတောင်ကြောတွင်ရှိသော AA သောင်းကျန်းသူများမှ ချင်းကွင်းရွာတွင် တပ်စွဲထားသော တပ်မတော်စခန်းအား ယနေ့ နံနက်ပိုင်း၌ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

AA သောင်းကျန်းသူများပစ်ခတ်သည့် ကျည်လာရာပုန်းညှက်ကျေးရွာတောင်ကြော တပ်မတော်မှ မြေပြင်လက်နက်ကြီးပစ်ကူနှင့် တပ်မတော်ရေတပ်မှ လက်နက်ကြီးပစ်ကူများဖြင့် ပြန်လည်ချေမှုန်းနေသည်ဟု သိရသည်။

ထို့အပြင် AA သောင်းကျန်းသူများသည်ရခိုင်ပြည်နယ် သံတွဲမြို့ဘက်မှ တေပါကား (၅)စီးဖြင့် လက်နက်ကိုင်များကိုတင်ဆောင်လာပြီး သံတွဲမြို့မှ (၃၅)မိုင်အကွာ စေတီကွင်း၊ကျောက်ခေါက်ကွင်းရွာများသို့ ရောက်ရှိစဥ် တပ်မတော်မှ ပစ်ခတ်သည့်လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အကျအဆုံးများခဲ့ကြောင်း သိရသည်။

တပ်မတော်၏ လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားသည့် AA သောင်းကျန်းသူများ၏အလောင်းများအား အဆိုတေပါကား (၂)စီးဖြင့် ပြန်လည် သယ်ယူသွားခဲ့ကြောင်း သိရသည်။

#PAN