SpaceX ၏ Starlink အားယှဉ်ပြိုင်ရန် ဂြိုလ်တုများအား တရုတ်လွှတ်တင်


(နိုင်ငံတကာ) ဩဂုတ် ၉

တရုတ်နိုင်ငံတွင် SpaceX ၏ Starlink အားယှဉ်ပြိုင်ရန် ဂြိုလ်တုများအား လွှတ်တင်ခဲ့ကြောင်းသိရသည်။

ဩဂုတ်လ ၆ ရက်နေ့က Shanxi ပြည်နယ်ရှိ Taiyuan ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့သည့် Long March-6 ဒုံးပျံသည် Qianfen ဂြိုလ်တု ၁၈ လုံးပါဝင်ကြောင်းသိရသည်။

တရုတ်နိုင်ငံသည် SpaceX ၏ Starlink နှင့် ပြိုင်ဖက်အဖြစ် ယခုသီတင်းပတ်အတွင်း ဖန်တီးရန် ကြိုးပမ်းမှုတွင် အဓိက ခြေလှမ်းတစ်ရပ်အဖြစ် အာကာသမှ ထုတ်လွှင့်သောအင်တာနက် လွှမ်းခြုံနိုင်ရန် ဂြိုလ်တု ၁၄,၀၀၀ စီမံကိန်း၏ ပထမဆုံးဖြလှမ်းဖြစ်ကြောင်းသိရသည်။

တရုတ်၏ Qianfan သည် အစိုးရကျောထောက်နောက်ခံပြုထားသည့် စီမံကိန်းတစ်ခုဖြစ်ပြီး လာနှစ်များအတွင်း ကမ္ဘာမြေထက် မိုင် ၁၂၀၀ ထက်မပိုသည့် ပတ်လမ်းများသို့ ဂြိုလ်တုပေါင်း ၄၀၀၀၀ နီးပါး လွှတ်တင်နေသည့် တရုတ်၏ အကြီးစားစီမံကိန်း ၃ ခုမှ တစ်ခုအပါအဝင်ဖြစ်သည်။

ဂြိူလ်တုလွှတ်တင်နိုင်စွမ်းနှင့် နည်းပညာထုတ်လုပ်မှု အပါအဝင် အာကာသဆိုင်ရာစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် ဦးစားပေးဖြစ်ကြောင်း တရုတ်ထိပ်ပိုင်းခေါင်းဆောင်များ ထုတ်ဖော်ပြောဆိုပြီးနောက်ပိုင်း ယခုကဲ့သို့ ဂြိုလ်တုလွှတ်တင်မှုပေါ်ထွက်လာခြင်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ