ရေနံတင်သင်္ဘောတစ်စင်း ဘာလီအပန်းဖြေကျွန်းအနီးတွင် မီးလောင်ပေါက်ကွဲပြီး သင်္ဘောသား ငါးဦးသေဆုံး

(ပြည်တွင်း) သြဂုတ် ၉

      အင်ဒိုနီးရှားနိုင်ငံ ဘာလီအပန်းဖြေကျွန်းအနီးတွင် ရေနံတင်သင်္ဘောတစ်စင်း ဩဂုတ်လ ၇ ရက်က မီး လောင် ပေါက်ကွဲခဲ့သောကြောင့် သင်္ဘောသားငါးဦးသေဆုံးခဲ့ပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ဘာလီအပန်းဖြေကျွန်းရှိ ကာရန်ဂါဆမ်ရဲစခန်း က အခင်းဖြစ်ပွားချိန်တွင် အဆိုပါသင်္ဘောသည် ကန်နီဒါဆာရေပိုင်နက် တီပီကောင်ကျွန်းအနီးတွင် မောင်းနှင်လျက်ရှိကြောင်းနှင့် အနောက်နူဆာတန်ဂါရာ ပြည်နယ်သို့ ဦးတည်မောင်းနှင်နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

      ရေနံတင်သင်္ဘောသည် ဂီလီတီပီကောင်ဒေသသို့ ဒေသစံတော်ချိန် နံနက် ၃ နာရီခန့်က ရောက်ရှိလာချိန် တွင် ပေါက်ကွဲသံကြားခဲ့ရပြီး သင်္ဘောမှာ မီးများပြတ်တောက်သွားခဲ့သည်။ သင်္ဘောပေါ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ ပြီး အချို့မှာ မီးလောင်ခဲ့ကြောင်း ကာရန်ဂါဆမ်ရဲတပ်ဖွဲ့ ပြည်သူ့ဆက်ဆံရေးဌာနမှူး စစ်ဆေးရေးအရာရှိ အစ်တူအီ ဂီဒီဆူဂါဒါနာ က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

     အင်ဂျင်နီယာခန်း မီးလောင်ပေါက်ကွဲပြီးနောက် မကြာမီအချိန်မှာ ဒုတိယပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်းဆူဂါဒါနာ ကပြောကြားသည်။ သင်္ဘော မီးလောင်ပေါက်ကွဲရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားထား သည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

#PAN