မိတ္ထီလာ- ကျောက်ပန်းတောင်းကားလမ်းမပေါ်တွင် စစ်မှုထမ်းဟောင်းတစ်ဦးအား အကြမ်းဖက်PDFအဖွဲ့မှ ပစ်သတ်


(ပြည်တွင်း) ဩဂုတ် ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ ညောင်ဇောက်ကျေးရွာအနီး၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က အမျိုးသား ၁ ဦး သေနတ်ဒဏ်ရာဖြင့် လဲကျသေဆုံးနေကြောင်း သိရသည်။

အခင်းဖြစ်နေရာတွင် ညောင်ဇောက်ကျေးရွာ၊ မိတ္ထီလာမြို့နယ်နေသူ ဦးစောလွင်၊ အသက် ၅၄ နှစ်၊ (ဘ)ဦးဆယ်မောင်ဖြစ်ပြီး ၎င်းတွင် ယာ-ပါး ကျည်ဖောက်ဝင်ကာ ဂုတ်ပိုး ကျည်ဖောက်ထွက်ဒဏ်ရာဖြင့် လဲကျသေဆုံးနေကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ ဦးစောလွင်သည် ဇနီးဖြစ်သူနှင့်အတူ ရေဝေစျေးသို့ စျေးဝယ်ရန် သွားရောက်စဥ် အခင်းဖြစ်နေရာအရောက်၌ လမ်းဘေးတွင်ရပ်ထားသော ဆိုင်ကယ်မှ အမျိုးသား ၂ ဦးက ၎င်းတို့ဆိုင်ကယ်အား ရပ်တန့်ခိုင်းကာ ဦးစောလွင်လားဟု မေးမြန်းကာ သေနတ်အရှည်ဖြင့် ၁ ချက်ပစ်ခတ်ပြီး ကျောက်ပန်းတောင်းမြို့နယ်ဘက်သို့ ထွက်ပြေးသွားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ