ဘော့လုံးကစားသမားဘဝကနေ ပီပီ အနားယူ

ဩဂုတ် ၉

ပေါ်တူဂီဝါရင့်နောက်ခံလူ ပီပီက ကစားသမားဘ၀ကနေ အနားယူပြီဖြစ်ကြောင်း အတည်ပြုကြေညာသွားခဲ့ပြီဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိ ပီပီဟာ ရီးရဲလ် မက်ဒရစ်၊ ပေါ်တို၊ ဘက်ဆစ်တက်၊ မာရီတီမို အသင်းများတွင် ကစားခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ၁၄၁ ပွဲကစားကာ တတိယပွဲအများဆုံးဖြစ်ခဲ့ပါတယ်။

ပီပီအနေဖြင့် ကလပ်နှင့် နိုင်ငံပွဲပေါင်း ၈၇၈ ပွဲ ကစားခဲ့ပြီး ဆုဖလား ၃၄ လုံး ဆွတ်ခူးခဲ့ပါတယ်။