ကွန်မြူနတီဒိုင်းပွဲကို ကွင်းလယ်ဒိုင်အဖြစ် ဆောင်ရွက်သွားမယ့် ဂီလတ်

ဩဂုတ် ၉
လာမယ့် စနေနေ့ ည(၈:၃၀)နာရီအချိန်မှာ မန်ယူနဲ့ မန်စီးတီးတို့ကစားမယ့် ၂၀၂၄ ကွန်မြူနတီဒိုင်းပွဲကို ကွင်းလယ်ဒိုင်အဖြစ် ဂျာရတ်ဂီလ်လတ်က ဆောင်ရွက်သွားမယ်လို့ အက်ဖ်အေက ထုတ်ပြန်ခဲ့ပါတယ်။

အစောပိုင်းက ဒီပွဲကို ဂျွန်ဘရွတ်စ်က ကွင်းလယ်ဒိုင်အဖြစ် ရွေးချယ်ထားပေမယ့် အသေးစားဒဏ်ရာရခဲ့တာကြောင့် ဂီလတ်နဲ့ အစားထိုးခဲ့တာပါ။ ဂီလတ်ကလည်း အစောပိုင်းက ဒီပွဲမှာ စတုတ္ထဒိုင်အဖြစ် ဆောင်ရွက်မှာဖြစ်ပေမယ့် ယခုအခါ ကွင်းလယ်ဒိုင်အဖြစ် တိုးမြှင့်တာဝန်ပေးခံခဲ့ရတာဖြစ်ပါတယ်။

မန်ယူနဲ့ မန်စီးတီးတို့ဟာ ကွန်မြူနတီဒိုင်းပွဲမှာ တတိယအကြိမ်မြောက်တွေ့ဆုံခဲ့တာဖြစ်ပြီး ယခင် ၁၉၅၆မှာ တွေ့ဆုံစဉ်က (၁-ဝ)ဂိုး၊ ၂၀၁၁ မှာ (၃-၂)ဂိုးတို့နဲ့ မန်ယူအသင်းက (၂)ပွဲစလုံးအနိုင်ရခဲ့ပါတယ်။