ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား ၁၅၀ ကျော်စေလွှတ်

(ပြည်တွင်း) သြဂုတ် ၉

      တောင်ကိုရီးယားနိုင်ငံကို အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ(POEA)ကနေတစ်ဆင့် EPS စနစ်နဲ့ ကုန်ထုတ် လုပ်သားသစ် ၁၅၃ ယောက်ကို စေလွှတ်ခဲ့တယ်လို့ ဆိုးလ်မြို့၊ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

       အဆိုပါ လုပ်သားသစ်တွေဟာ ဩဂုတ်လ ၇ ရက်က ရန်ကုန်လေဆိပ်ကနေ တောင်ကိုရီးယားနိုင်ငံ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မြန်မာအမျိုး သားလေကြောင်းလိုင်းနဲ့ ရောက်ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာ နိုင်ငံအနေနဲ့ နှစ်စဉ်လုပ်သား ဦးရေခွဲတမ်းရရှိမှုအလိုက် လုပ်သားတွေ စေလွှတ်ပေးနေပြီး အခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံကို လုပ်သား ၁၁,၀၀၀ ကျော် စေလွှတ်ခွင့်ရရှိထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံကို ၂၀၁၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဇွန်လအထိ EPS စနစ် နဲ့ မြန်မာအလုပ်သမား ၆၅,၀၀၀ ကျော် စေလွှတ်နိုင်ခဲ့ တယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#PAN