ဗြိတိန်တွင် ဆန္ဒပြမှုပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေ

(နိုင်ငံတကာ) သြဂုတ် ၇

ဗြိတိန်တွင် ဇူလိုင်လ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် လူအစုလိုက်အပြုံလိုက် ဓားထိုးခံရမှုအပြီး ဗြိတိန်တွင် ဆိုးရွားသည့် အဓိကရုဏ်းများ ပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေကြောင်းသိရသည်။

ဗြိတိသျှမီဒီယာများသည် ဆန္ဒထုတ်ဖော်သူများအား အစွန်းရောက်သူများအဖြစ် ရေးသားဖော်ပြခဲ့ပြီး ယခုဖြစ်ပွားမှုများသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း အဓိကရုဏ်းများတွင် အဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

လက်ရှိဖြစ်ပေါ်​​နေသော အဓိကရုဏ်းတွင် အစ္စလာမ်ဘာသာဝင်အများစုဖြစ်ပြီး လူမျိုးရေးခွဲခြားမှု၊လုယက်မှု၊ မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်နေကြောင်းသိရသည်။

ဒေသတွင်းမီဒီယာများ၏ဖော်ပြချက်အရ အဓိကရုဏ်းဖြစ်ပွားမှုတွင် ရဲအရာရှိ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ရဲကားများ ရဲစခန်းများ တိုက်ခိုက်ခံရကြောင်းသိရသည်။

နိုင်ငံတဝန်း ပြန့်ပွားလာသည့် အဓိကရုဏ်းများအား နှိမ်နင်းရာတွင် ဗြိတိသျှစစ်တပ်အား အသုံးပြုမည်မဟုတ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်းကြီး John Healy ကဆိုသည်။

Telegram»…
https://t.me/positiveanglenews#PAN#SZ

PAN

AMK #SZ