ပြည်သူ့စစ်အဖွဲ့ဝင်များရှိသည့် ဘန့်ဘွေးရွာမအား ဗိုလ်သံမဏိ အဖွဲ့က ၅ အတွင်းသိမ်းယူမည်ဟုဆို


(ပြည်တွင်း) ဩဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာရှိ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကို ယင်းမာပင်မြို့နယ် အကြမ်းဖက် PDF ခေါင်းဆောင် ဗိုလ်သံမဏိ အဖွဲ့မှ ၅ ရက်ဆက်တိုက် တိုက်ခိုက်မည်ဟုကြွေးကျော်ကာ ယနေ့ ညနေ ၄ နာရီအချိန်မှ စတင်တိုက်ခိုက်လာရာ ထိတွေ့တိုက်ပွဲပြင်းထန်းနေကြောင်း သိရပါသည်။

အကြမ်းဖက် PDF အင်အား ၄၀၀ ဦးခန့်က ယနေ့ နံနက်ပိုင်း ၁၁ နာရီအချိန်ခန့်မှ စတင်ကာ ဘန့်ဘွေးရွာအနီးသို့ ချဥ်းကပ်လာပြီး ညနေ ၄ နာရီအချိန်ခန့်တွင် တိုက်ပွဲကိုစတင်ခဲ့ကြောင်းသိရပြီး ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပေါ်နေလျှက်ရှိကြောင်း သိရသည်။

ဘန့်ဘွေးရွာအတွင်းသို့ အကြမ်းဖက် PDF အဖွဲ့မှ ထိုးဖောက်ဝင်ရောက်ကာ ရွာ၏တောင်ဘက်ပိုင်းကို ည ၈ နာရီခန့်အချိန်တွင် မီးရှို့ဖျတ်ဆီး နေကြောင်းသိရပြီး အကြမ်းဖက်အဖွဲ့များသည် စစ်ကူစစ်ကြောင်းလာနိုင်မည့် ကွေ့ချောင်းရွာ(မုံရွာ-ယာကြီး-ကလေးဝလမ်းတလျောက်နေရာယူထားကြောင်း၊ လက်ပန်ရွာနှင့် ဘန့်ဘွေးမြောက်ရွာ၊ ထန်းဇင်ကျေးရွာတို့ကို အခြေပြု၍ လှုပ်ရှားဆောင်ရွက်လာကြောင်း၊ ၎င်းတို့၏ကားများကို ရေသောက်ကန်တောပြင်(မုံရွာ-ယာကြီး-ကလေးဝလမ်း)တလျောက်တွင် ရပ်ထားကြကြောင်း မြေပြင်သတင်းများအရသိရပြီး ဘန့်ဘွေးရွာရှိ ပြည်သူ့စစ်အထိုင်စခန်းကို ၅ ရက်ဆက်တိုက် တိုက်ခိုက်မည်ဟု ကြွေကျော်ထားကြောင်း မြေပြင်သတင်းများအရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ