ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မက်စ်နှင့် ဒေါ်နယ်ထရန့်တို့ တွေ့ဆုံမေးမြန်းခန်းပြုလုပ်မည်


(နိုင်ငံတကာ) ဩဂုတ် ၇

ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မက်စ်နှင့် သမ္မတဟောင်း လက်ရှိရီပတ်ဘလီကန်၏ သမ္မတလောင်း ဒေါ်နယ်ထရန့်တို့ တွေ့ဆုံမေးမြန်းခန်းပြုလုပ်မည်ဖြစ်ကြောင်း ထရမ့်က ၎င်း၏လူမှုကွန်ယက်တွင်ရေးသားထားသည်။
ဒီမိုကရက်တစ်ပါတီမှ ဒုတိယသမ္မတလောင်း Tim Walz အားရွေးချယ်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် တစ်ပြိုင်နက်ထွက်ပေါ်လာခြင်းဖြစ်သည်။
ဒေါ်နယ်ထရမ့်က ၎င်း၏ လူမှုကွန်ယက်တွင် “တနင်္လာနေ့ညမှာ ငါနဲ့ အီလွန်မက်စ်နဲ့ ကြီးမားတဲ့ အင်တာဗျူးလုပ်မယ်”ဟု ရေးသားခဲ့ပြီးနောက် လူမှုကွန်ယက်စာမျက်နှာများတွင် အဆိုပါသတင်းပျံ့နှံ့သွားခဲ့သည်။
အီလွန်မက်စ်သည် သမ္မတဟောင် ထရမ့်အား မဲဆွယ်စည်းရုံးပွဲတွင် လုပ်ကြံခံရချိန်မှစတင်ပြီး ပေါ်ပေါ်ထင်ထင်ထောက်ခံကြောင်းပြသခဲ့သူလည်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews#PAN#SZ

PAN

AMK #SZ