မြောက်ကိုရီးယားက တောင်ကိုရီးယားနယ်စပ်တွင် ဒုံးကျည် ၂၅၀ ကျော်တပ်ဖြန့်ချထား


(နိုင်ငံတကာ) ဩဂုတ် ၆

မြောက်ကိုရီးယားက တောင်ကိုရီးယားနယ်စပ်တွင် ဒုံးကျည် ၂၅၀ ကျော်တပ်ဖြန့်ချထားကြောင်း တောင်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA မှ ဖော်ပြသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က မြို့တော်ပြုံယမ်းတွင် ပြည်တွင်းဖြစ် ကိုယ်ပိုင်ဒီဇိုင်းဖြင့် ပြုလုပ်ထားသော တိုက်ခိုက်ရေးလက်နက်အသစ်များကို ရွှေ့ပြောင်းရေးအခမ်းအနားတွင် ကင်ဂျုံအွန်မှ ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် စွမ်းအားကြီးမားသော လက်နက်များဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တောင်ကိုရီးယားနိုင်ငံအားတိုက်ခိုက်ရန် သို့မဟုတ်ခြိမ်းခြောက်ရန် အသုံးပြုနိုင်ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ကင်က တောင်ကိုရီးယားအနေဖြင့် ၎င်းတို့မြေအား အနည်းအငယ်ထိပါးလာမည်ဆိုချင်တောင် စစ်ပွဲဖြစ်ပွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ