မန္တလေးတက္ကသိုလ်ဝင်းအတွင်း လက်လုပ်မိုင်း ပေါက်ကွဲ


(ပြည်တွင်း)ဩဂုတ် ၆

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ မန္တလေးတက္ကသိုလ်ဝင်းအတွင်း ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က လက်လုပ်ဗုံး ၂ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လက်လုပ်မိုင်းမှာ တက္ကသိုလ်ဝင်းအတွင်းရှိ ဦးရာဇတ်ခန်းမနှင့် ဆရာ/ဆရာမများ နားနေဆောင်ကြားတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် လူ/ပစ္စည်း ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ပညာရေး၀န်ကြီးဌာနမှ မန္တလေးတက္ကသိုလ်တွင်ပြုလုပ်သည့် အထက်မြန်မာပြည် ကျောင်းပေါင်းစုံစာဖတ်စွမ်းရည်ပြိုင်ပွဲအား တိုင်း၀န်ကြီးချုပ်နှင့် ပညာရေး၀န်ကြီးတို့ တက်ရောက်ရန်ရှိနေသည့် အတွက် “ရွှေဘိုခရိုင်တပ်ရင်း(၁၅)လက်အောက်ခံ CM-SRDF လက်ရွေးစင် အမျိုးသမီးရဲဘော်များ တက္ကသိုလ်ထဲ စီးနင်း၀င်ရောက်ပြီး တိုက်မိုင်း (၂)လုံးအား တပြိုင်ထဲ ဖောက်ခွဲတိုက်ခိုက်ခဲ့သည့်ဟု ရွှေဘို PDF အကြမ်းဖက်အဖွဲ့မှ ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ