ကုန်တင်ယာဥ်များနှင့် ယာဥ်မောင်းများအား အကြမ်းဖက်PDF များက ဖမ်းဆီး


(ပြည်တွင်း) သြဂုတ် ၆

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကံသစ်ရွာနှင့်ကြီးကန်ရွာအကြားတွင် သြဂုတ်လ ပထမပတ်အတွင်းက ရန်ကုန်သို့ကုန်ပစ္စည်းပို့ဆောင်သည့်(၁၂)ဘီးကား (၁)စီးနှင့် ရန်ကုန်မှ ဆန်၊ ဆီ၊ ဆား၊ ကုန်ပစ္စည်းအစုံ တင်ဆောင်လာသော (၁၂)ဘီးကား(၄)စီးနှင့် ယာဥ်မောင်းများအား အကြမ်းဖက် PDF အဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ရေစကြိုမြို့နယ်၊ ကုန်းပိုင်းအခြမ်းရှိ အကြမ်းဖက် PDF အဖွဲ့များသည် အဆိုပါကျေးရွာ ၂ ခုအကြားသို့ မကြာခဏလာရောက်ပြီး တပ်မတော်ထောက်ခံသူများ၊ ဝန်ထမ်းများနှင့် ကုန်ပစ္စည်းကားများအား စစ်ဆေးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြကြောင်း ပခုက္ကူ-ရေစကြို-ချောင်းဦး လမ်းမကြီး​​​ပေါ်ထိ အကြမ်းဖက်မှုများပြုလုပ်လျက်ရှိကြောင်း ဒေသခံများ၏ သတင်းပို့ချက်အရ သိရသည်။

ထိုကဲ့သို့ အကြမ်းဖက်သမားများမှ ကုန်စည်စီးဆင်းမှု ခရီးသွားပြည်သူများအား လုယက်အကြမ်းဖက်တိုက်ခိုက်နေမှုကြောင့် ရေစကြိုမြို့နယ်အတွင်း ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ