F-16 တိုက်လေယာဥ်များ စတင်အသုံးပြုနေပြီဟု ယူကရိန်းသမ္မတဆို


(နိုင်ငံတကာ) ဩဂုတ် ၅

စစ်ပွဲအတွင်း ယူကရိန်းလေယာဉ်မှူးများသည် F-16 တိုက်လေယာဥ်များကို စတင်မောင်းနှင် ပျံသန်းနေပြီဖြစ်ကြောင်း သမ္မတ ဇယ်လန်းစကီးကဆိုသည်။

ယူကရိန်းသည် အမေရိကန်လုပ် F-16 တိုက်လေယာဉ်များရရှိရန် နှစ်နှင့်ချီစောင့်ဆိုင်းလာခဲ့ပြီးနောက် ၂ နှစ်ခွဲနီးပါးအကြာတွင် လေယာဉ်များရရှိပြီဖြစ်ကြောင်း ဇယ်လန်းစကီး လေတပ်စခန်းတစ်ခုတွင် ဩဂုတ်လ ၄ ရက်နေ့က ပြောကြားခဲ့သည်။

သတင်းရုပ်သံများအရ ယူကရိန်းသမ္မတဇယ်လန်းစကီးနှင့်အတူ F-16 တိုက်လေယာဥ်များပါ မြင်တွေ့ခဲ့ရသည်။

ယူကရိန်စစ်မြေပြင်တွင် ရုရှားဘက်ကသာ လေကြောင်းတိုက်ခိုက်မှုအများအပြားလုပ်ခံပြီး ယူကရိန်းဝေဟင်ကို ရုရှားက စိုးမိုးထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ