အစားရှောင်ခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ


(ပြည်တွင်း) သြဂုတ် ၄

နေ့စဉ်ပုံမှန် စားရမယ့်အချိန်မှာ မအားလို့ပဲဖြစ်ဖြစ်၊ ဝမှာစိုးလို့ပဲ ဖြစ်ဖြစ် အစားရှောင်မိတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အပြောင်းအလဲတွေ ချက်ချင်းဖြစ်ပေါ်လာပါတယ်။

နေ့စဉ်အစားအသောက်တွေကနေ ဦးနှောက်အတွက် အဓိကပံ့ပိုးနေတဲ့ ဂလူးကလိုစ်ပမာဏဟာ အစာ ရှောင်လိုက်တဲ့အခါ ချက်ချင်းပြုတ်ကျသွားတာမို့ သွေးတွင်းသကြားဓာတ်ကိုပါ ကျဆင်းသွားစေပြီး ဦးနှောက်က ထိန်းချုပ်ထားတဲ့ အရာအားလုံးက စွမ်းဆောင်မှုတွေကျဆင်းစေသလို မူးဝေနေပြီး အားနည်းနေတာကို ခံစားရစေ ပါတယ်။

အာရုံစူးစိုက်လိုမရတော့တဲ့အပြင် ချွေးထွက်တာ၊ လက်တုန်လာပြီး ဦးနှောက်က အစာစားဖို အချက်ပေးနေ ပါလိမ့်မယ်။ အမြဲအလိုလို မစားတာဆိုရင်တော့ ခန္ဓာကိုယ်က ဟော်မုန်းတွေထုတ်ပြီး အစားပိုစားချင် စိတ်ဖြစ်အောင် လုပ်‌ဆောင်ပေးပါလိမ့်မယ်။

အစာမစားတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မစနစ်က ပုံမှန်ထက် နှေးကွေးသွားပါတယ်။ ဒီလိုနှေးသွားတဲ့အတွက် အစာချေဖျက်ချိန်က ပိုမိုကြာမြင့်သွားပြီး အဆီပိုစုဖို တွန်းအားပေးပါတယ်။ အစာရှောင်ပြီးနောက်မှာ အစာစားတဲ့အခါ မှာလဲ ပုံမှန်ထက်ပိုစားအောင် တွန်းအားပေးတာမို အစားရှောင်နေပေမယ့် ပိုဝလာစေပါတယ်။

အစာရှောင်ခြင်းက အစာအိမ်အတွင်းက အက်ဆစ်တွေက အစာအိမ်မှာရှိတဲ့ အတွင်းသားနဲ့ အူလမ်းကြောင်းကို ဆိုးကျိုးဖြစ်စေပြီး အဲဒီအခါ ဗိုက်အောင့်မယ်၊ ပျိုတက်ပါမယ်။ ရေရှည်ဆိုရင်တော့ အစာအိမ်ကို ဒုက္ခဖြစ်စေပါလိမ့်မယ်။

အစာမစားတဲ့အခါမှာတော့ စိတ်ကစဉ့်ကလျားဖြစ်လာစေပြီး အလိုလိုနေရင်း ဒေါသထွက်နေတာ၊ လွယ်လွယ်နဲ့ စိတ်ရှုပ်တာတွေအပြင် ဆုံးဖြတ်ချက်ချတဲ့အခါ မှန်ကန်စွာ မတွေးနိုင်တော့ပါဘူး။

ဒါ့အပြင် ရေရှည်မှာ မေ့တတ်တာ၊ ဂနာမငြိမ်တာတွေဖြစ်လာပြီး စိတ်ဖိစီးမှုကိုပါ ဖြစ်စေနိုင်ပါတယ်။ အစားရှောင်တာဟာ ခန္ဓာကိုယ် အတွင်း ဆိုးဝါးတဲ့ပြောင်းလဲသွားမှုတွေ ဖြစ်စေပါတယ်။

ပိန်ချင်တဲ့ သူတွေအနေနဲ့လည်း အစာကို အချိန်မှန်စားပြီး လေ့ကျင့်ခန်းလုပ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ