အင်းစိန်တွင် လင်မယားနှစ်ဦး နေအိမ်တွင် အသတ်ခံရပြီး သေဆုံးလျက်တွေ့ရှိ


(ပြည်တွင်း) ဩဂုတ် ၅

အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ အောင်ဇေယျအိမ်ရာ၊ တိုက်အမှတ်-၃၃၊ အခန်း(၀၀၁)တွင် နေထိုင်သည့် လင်မယားနှစ်ဦး အသတ်သေဆုံးလျက်တွေ့ရှိကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် သေဆုံးသူများ၏ အငှားယာဉ်မောင်းဖြစ်သူ ကိုအောင်ကိုထိုက်သည် အုံနာခပေးအပ်ရန် အဆိုပါနေအိမ်သို့သွားရောက်ချိန်တွင် နေအိမ်သော့ခတ်ထားပြီး ခေါ်မရသဖြင့် ချွေးမဖြစ်သူ မခင်ဆုယဉ်ထံသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

မခင်ဆုယဉ်သည် အုံနာခရရှိကြောင်း သေဆုံးသူအား ဖုန်းခေါ်ဆို အသိပေးရာတွင် ဖုန်းမကိုင်သည့်အတွက် နေအိမ်သို့လိုက်သွားခဲ့ပြီး နေအိမ်နောက်ဘက်ရှိတံခါးမှာ စေ့ထားကြောင့်တွေ့ရသဖြင့် ဝင်ရောက်ကြည့်ရှုရာတွင် ယောက္ခမနှစ်ဦး သေဆုံးနေကြောင်း တွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ဦးအောင်မြင့်၊ အသက် ၆၇ နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်အေးရီ၊ အသက် ၆၁ နှစ်ဖြစ်ကြောင်းသိရပြီး ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာများ ထိုးသွင်းဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်

Telegram»…
https://t.me/positiveanglenews

PAN

SZ