ကျောက်ကြီးကျေးရွာအတွင်းသို့ ရခိုင်စကားပြောတတ်သည့် လက်နက်ကိုင်များရောက်ရှိနေ


(ပြည်တွင်း) ဩဂုတ် ၅

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာသို့ PDF အကြမ်းဖက်များဟုယူဆရသည့် လက်နက်ကိုင်များရောက်ရှိနေကြောင်း သတင်းအရင်းအမြစ်များ၏ပြောဆိုချက်အရ သိရသည်။

အဆိုပါ လက်နက်ကိုင်များမှာအတွင်းရှိ ကျေးရွာတံတားတွင် အင်အား ၅၀ ခန့်၊ ရွာအလယ်တွင် ၃၀ ခန့်နှင့် ကျန်းမာရေးဌာနရှေ့တွင် ၅၀ ခန့် ဖြင့် စုစည်းရောက်ရှိနေသည်ဟု သတင်းအရင်းအမြစ်မှပြောသည်။

ကျောက်ကြီးကျေးရွာသို့ရောက်ရှိနေသော အကြမ်းဖက်များအတွက် စားနပ်ရိက္ခာများကို ကျေးရွာမှ ပေးနေရပြီး ၎င်းတို့အထဲတွင် အသက် ၁၇ နှစ်မှ ၁၉ နှစ် အရွယ်ရှိသူများ ပါဝင်နေသကဲ့သို့ ထိုသူများမှာ ရခိုင်ဘာသာစကား မပြောကြကြောင်း သိရသည်။

အကြမ်းဖက်များသည် သံတွဲမြို့နယ် ပိန္နောကြီးကျေးရွာအုပ်စု၊ ငဖန်စမ်းဝ ဘုရားကြီးကုန်းတွင် အထိုင်ချဂိတ် ဖွင့်ထားပြီး AA သောင်းကျန်းသူများ၏ ခေါင်းဆောင်များသည် ကညင်ကွင်းအုပ်စု၊ မျှားချောင်းကျေးရွာတွင် အုပ်ချုပ်ရေးမှူးရုံး ဖွင့်လှစ်ပြီး ဖမ်းဆီးထားသူများအား စစ်ဆေးနေသည်ဟုလည်း သိရသည်။

AA သောင်းကျန်းသူများသည် ကျီးကန်းကျေးရွာရဲအုပ်စု၊ ပြာဝကျေးရွာသို့ ဩဂုတ်လ ၄ ရက်နေ့တွင် ဝင်ရောက်လာပြီး ကျေးရွာပြည်သူများအား (၃)ရက်အတွင်း ကျေးရွာမှ ထွက်ခွာကြရန် ခြိမ်းခြောက်နေသည်ဟု သတင်းအရင်းအမြစ်၏ပြောဆိုချက်အရ သိရသည်။

ကျွဲသောက်ကျေးရွာအုပ်စု၊ ဆင်ဒင်ကလေးရွာဟောင်းတွင် AA သောင်းကျန်းသူများ အများအပြားရောက်ရှိနေပြီး ဆင်ဒင်ကလေးရွာဟောင်း၊ ကျီးကန်းရဲလမ်းဆုံတွင် အမြဲတမ်းအခြေချနေကြောင်း သိရသည်။

အဆိုပါ AA သောင်းကျန်းသူများသည် ကျောက်ကြီးကျေးရွာတွင် ရောက်ရှိနေသကဲ့သို့လုပ်ဆောင်နေပြီး ဂွမြို့နယ်နှင့် တောင်ကုတ်မြို့နယ် တို့ကို တိုက်ခိုက်သွားနိုင်ဖွယ်ရှိကြောင်း သတင်းအရင်းအမြစ်က သုံးသပ်ပြောဆိုထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ