AA စခန်းအား ARSA မှ အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်


(ပြည်တွင်း) သြဂုတ် ၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် AA သောင်းကျန်းသူနှင့် ARSA တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ယမန်နေ့ သြဂုတ်လ ၃ ရက်နေ့ကလည်း လိပ်ရ၊ သဲချောင်း၊ ကြိမ်ချောင်းကျေးရွာတို့တွင် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး သဲချောင်းနှင့် လိပ်ရကျေးရွာတို့အကြား၌ တပ်စွဲထားသည့် AA စခန်းအား ARSA မှ အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် AA ဘက်မှ (၅၀)ဦးခန့် ဒဏ်ရာရ၊ သေဆုံးခဲ့သည်ဟု ဒေသခံသတင်းအရင်း အမြစ်များထံမှ သိရသည်။

မောင်တောမြို့နယ်အတွင်းသို့ စိမ့်ဝင်နေသည့် ARA၊RSOနှင့် ARSA လက်နက်ကိုင် မူဆလင်များ သည် နေအိမ်များကို ဖျက်ဆီးခြင်း၊ ပစ္စည်းများယူငင်ခြင်းနှင့် ဒေသခံ တိုင်းရင်းသားတို့အား ဖမ်းဆီးခေါ်သူ သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်ဟုလည်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ