ရေများပြန်ကျ၍ မန္တလေးနှင့် မော်လမြိုင်ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲ


(ပြည်တွင်း) ဩဂုတ် ၄

ရေကြီးရေလျှံမှုတွေကြောင့် ဇူလိုင်စတုတ္ထပတ်ကစပြီး ယာယီရပ်နားထားရတဲ့ ရန်ကုန်-မန္တလေးနဲ့ ရန်ကုန်-မော်လ မြိုင် ရထားခရီးစဉ်တွေကို ဩဂုတ်လ ၃ ရက်က စပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။

ရေကျသွားတဲ့ရထားလမ်းပိုင်းတွေမှာ ရထားလမ်းနဲ့ တံတားကြံ့ခိုင်မှုလုပ်ငန်း တွေကို ဇူလိုင်လ ၂၉ ရက်ကနေ ဩဂုတ်လ ၁ ရက်အထိဆောင်ရွက်ခဲ့ပြီး ပဲခူးဘူတာ ယာဒ်ဝင်း၊ ပဲခူး-ဘုရားကြီး လမ်းပိုင်းနဲ့ ပဲခူး-ကလိ လမ်းပိုင်းတွေမှာလည်း ရေတွေပြန်ကျသွားပြီဖြစ်တာကြောင့် ကျောက်ရထား၊ ကုန်ရထား၊ သံလမ်းပြေးယာဉ် တွေနဲ့ စမ်းသပ်ပြေးဆွဲ ခဲ့တယ်လို့ သိရပါတယ်။

လမ်းပိုင်းအလိုက် စစ်ဆေးမှုတွေအရ ရထားများ ဖြတ်သန်းစေလွှတ်နိုင်ပြီဖြစ်တာကြောင့် ဩဂုတ်လ ၃ ရက် မှစပြီး ရန်ကုန်-မန္တလေး လမ်းပိုင်းနဲ့ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းအမှတ် တို့မှာ စာပို့နဲ့ လူစီးအမြန်ရထား ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ပါတယ်။

ဆက်လက်ပြီး ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းမှာလည်း ရေပြန်လည်ကျဆင်းသွားပါက ရထားလမ်းနဲ့ တံတားတွေရဲ့ ကြံ့ခိုင်မှုကိုစစ်ဆေးပြီး ရထားပြန်လည် ပြေးဆွဲနိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ