မြိုင်မြို့နယ် နှင့် ပေါက်မြို့နယ် အနီးတို့တွင် အကြမ်းဖက် PDF များ၏ အလောင်းများ၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


(ပြည်တွင်း) ဩဂုတ် ၄

ယမန်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မြိုင်မြို့နယ် ကိုင်းတောမကျေးရွာအနီးတွင် လုံခြုံရေးအဖွဲ့များ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် PDF အလောင်း ၂ လောင်း၊ အမ်-၂၂ ကျည်အိမ် ၄ ခု၊ ကျည်မျိုးစုံ ၁၉၀ တောင့်၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊ ကျောပိုးအိတ် ၁ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

ထိုအတူ ယမန်နေ့ နေ့လည် ၁ နာရီပချိန်ခန့်တွင် ပေါက်မြို့နယ် ယာကြီးပြင်ကျေးရွာအနီး မိုင်းထောင်ရန်ပြင်ဆင်နေသည့်အကြမ်းဖက် PDF များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ရာ အကြမ်းဖက် PDF အလောင်း ၄ လောင်း၊ အမ်-၄ သေနတ် ၁ လက်၊ အေကေ-၄၇ သေနတ် ၁ လက်၊ အမ်-၄ ကျည်အိမ် ၁ ခု၊ အေကေ-၄၇ ကျည်အိမ် ၁ ခု၊ ၅.၅၆ မမကျည် ၅ တောင့်၊ ၇.၆၂ မမ ကျည် ၅ တောင့်တို့ကိုလည်း သိမ်းဆည်းရမိကြောင်း သိရပါသည်။

အကြမ်းဖက်လုပ်ဆောင်နေသော PDF အကြမ်းဖက်အဖွဲ့ကို ဒေသခံပြည်သူများက ရွံရှာမုန်းတီးလာပြီးဖြစ်တဲ့ မြေပြင်ရှိပြည်သူများ၏ တိကျသေချာသော သတင်းများခတ်စိတ်စိတ် ပေးပို့လာသဖြင့် နယ်မြေရှင်းလင်းရေးစစ်ကြောင်းများက အခုလိုနှိမ်နင်းလာနိုင်ခြင်းဖြစ်ကြောင်း မြေပြင်သတင်းများအရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ