အမေရိကန်ရှိ Uber နှင့် တရုတ်မှ BYD တို အကျိုးတူပူးပေါင်းရန် သဘောတူ


(နိုင်ငံတကာ) ဩဂုတ် ၄

အမေရိကန်နိုင်ငံရှိ Uber Technologies ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ BYD ကုမ္ပဏီတိုက နှစ်ရှည်အကျိုးတူ ပူးပေါင်းရန် သဘောတူလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်အရ BYD ကုမ္ပဏီသည် လျှပ်စစ်ကားအစီးရေ တစ်သိန်းကို Uber ကုမ္ပဏီအတွက် ထုတ်လုပ်ပေးရမည်ဖြစ်သည်။

ထို့သဘောတူညီချက်ကြောင့် Uber ကုမ္ပဏီနှင့် လက်တွဲဆောင်ရွက်နေသည့် အငှားယာဉ်မောင်းများအနေဖြင့် BYD ကားများကို သက်သာသောဈေးနှုန်းဖြင့် ရရှိနိုင်မည့်အပြင် ထိုကားများကိုဝယ်နိုင်ရေးအတွက် ချေးငွေလည်း ရရှိမည်ဖြစ်သည်။

ကနဦးတွင် ဥရောပ၊ လက်တင်အမေရိကနိုင်ငံတိုရှိ ဈေးကွက်များ၌ စတင်ဖြန့်ချိမည်ဖြစ်ပြီး နောက်ပိုင်းတွင် အရှေ့အလယ်ပိုင်း၊ ကနေဒါ၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတိုအထိ ဈေးကွက်ချဲ့ထွင်သွားရန် စီစဉ်ထားသည်။

BYD ကုမ္ပဏီထုတ် လျှပ်စစ်ကားများသည် မော်ဒယ်အစုံရှိခြင်း၊ ဘက်ထရီစွမ်းဆောင်ရည် ကောင်းမွန်ခြင်း၊ ပြုပြင်ထိန်းသိမ်းစရိတ်နည်းပါးခြင်း၊ တည်ဆောက်မှု အရည်အသွေး သာလွန်ခြင်းတို့ကြောင့် အငှားကားများအဖြစ် အသုံးပြုရန် အလွန်သင့်လျော်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ