သမန်းကန်ကျေးရွာရှိ အရပ်သားပြည်သူ ၃ ဦးအား အကြမ်းဖက် PDF အဖွဲ့မှ လူမဆန်စွာ ပစ်ဖြတ်သတ်သွား


(ပြည်တွင်း) သြဂုတ် ၄

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာအုပ်စု၊ သမန်းကန်ကျေးရွာရှိ အရပ်သားပြည်သူ ၃ ဦးအား အကြမ်းဖက် PDF အဖွဲ့မှ လူမဆန်စွာ ရက်ရက်စက်စက်သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်က ဒေါ်ဝေဝေမော်(ခ)မော်ကြီး ၊ အသက် ၃၆ နှစ်၊ ဦးအောင်မင်း၊ အသက် ၆၆ နှစ်၊ ဒေါ်မြင့်ခင်၊အသက် ၅၄ နှစ်တို့ ၃ ဦးသည် သမန်းကန်ကျေးရွာနေ ဒေါ်ဝေဝေမော်၏ နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF သောင်းကျန်းသူ ၅၀ ဦးခန့်သည် မော်တော်ယာဉ် ၅ စီး၊ ဆိုင်ကယ် ၇ စီးဖြင့် သေနတ်များ ကိုင်ဆောင်ကာရောက်ရှိလာပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေါ်မော်ကြီး(ခ)ဒေါ်ဝေဝေမော်တွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲ-လက်မောင်း/လက်ဖျံ အသား ပွင့်ထွက် ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာ တင်ပါး ညိုမဲစုတ်ပြဲဒဏ်ရာ ၂ ချက်၊ ယာ-ခြေသလုံး အရေပြားပွန်း ပဲ့ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ ဦးအောင်မင်းတွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲဘက် လက်ကောက်ဝတ် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ခါးဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ ဒေါ်မြင့်ခင်တွင် ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ယာ-ပါး ပေါက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာတင်ပါး ညိုမဲစုတ်ပြဲဒဏ်ရာ ၂ ချက်ဖြင့်လည်းကောင်း သေဆုံးသွားကြောင်း၊အကြမ်းဖက် သမားများသည် သမန်းကန်ကျေးရွာ မြောက်ဘက်လမ်းအတိုင်း နွားထိုးကြီးမြို့နယ်ဘက်သို့ ထွက်ခွာသွားခဲ့ကြကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ