ဝါရှောင်လမ်းမပေါ်က လုံခြုံရေးဂိတ်ကို KIA ချောင်မြောင်းပစ်ခတ်


(ပြည်တွင်း) ဩဂုတ် ၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အပြင်ဘက် ၀ါးရှောင်လမ်းမပေါ်တွင်ရှိသော လုံခြုံရေးစစ်ဆေးရးဂိတ်အား အကြမ်းဖက်သောင်းကျန်းသူ KIA/PDF များမှ နေ့စဉ်နီးပါး လာရောက်ခြောင်းမြောင်းပစ်ခတ်နေကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူ KIA/PDF အဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့ ညဦးပိုင်းက ထပ်မံလာရောက်နေသည့်အတွက် လုံခြုံရေးတပ်ဖွဲ့၀င်များက လက်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်ဟန့်တားခဲ့ရကြောင်းသိရသည်။

သြဂုတ် ၁ ရက်နေ့ ကလည်း ဝူယန်ပြည်သူ့စစ်ဂိတ်အပြင် ကတုတ်ကျင်းများအနီးသို့လာရောက်ကာမှိုင်းထောင်ရန်ကြိုးစားနေသည့် KIA များအား လက်နက်ငယ်များဖြင့် ပစ်ခတ်ရှင်းခဲ့ကြောင်း ဒေသခံများထံကသိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ