ရုရှားနှင့်အနောက်အုပ်စုနိုင်ငံများ အကျဉ်းသားချင်း အပြန်အလှန်ဖလှယ်မှုပြုလုပ်

သြဂုတ် ၃

      ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံအပါအဝင်အနောက်အုပ်စုနိုင်ငံများသည် စစ်အေးတိုက်ပွဲပြီးဆုံးပြီးနောက်ပိုင်း အကျဉ်းသားချင်းဖလှယ်မှုကို ဩဂုတ်လ ၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

     အဆိုပါအကျဉ်းသားချင်း အပြန်အလှန်ဖလှယ်မှုတွင် အမေရိကန်နိုင်ငံ၌ ဖမ်းဆီးခံထားရသည့် ရုရှား အကျဉ်းသား ရှစ်ဦးနှင့် ရုရှားနိုင်ငံ၌ ဖမ်းဆီးခံထားရသည့် အနောက်အုပ်စုနိုင်ငံများမှ အကျဉ်းသား ၁၆ ဦးတို့ ပြန်လည် လွတ်မြောက်လာကြောင်း သက်ဆိုင်ရာနိုင်ငံများက အတည်ပြုထားကြောင်း သိရသည်။

      ရုရှားနိုင်ငံနှင့် အနောက်အုပ်စုနိုင်ငံများသည် ဩဂုတ်လ ၁ ရက်က အကျဉ်းသားချင်း ဖလှယ်မှုကို တူကီယဲ နိုင်ငံ၊ အန်ကာရာလေဆိပ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

      အကျဉ်းသားချင်း ဖလှယ်မှုအစီအစဉ်မှ ပြန် လည်လွတ်မြောက်လာသည့် ရုရှားအကျဉ်းသားရှစ်ဦးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကိုယ် တိုင် မော်စကိုမြို့လေဆိပ် လေယာဉ်ပြေးလမ်းပေါ်၌ ကြိုဆိုခဲ့သည်။

       ထို့အတူ အကျဉ်းသားချင်း ဖလှယ်မှုအစီ အစဉ်အရ ပြန်လည်လွတ်မြောက်လာသည့် အမေရိကန်နိုင်ငံသား သုံးဦးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကလည်း လေဆိပ်၌ ကိုယ်တိုင်ကြိုဆိုနှုတ်ဆက်ခဲ့သည်။

      အကျဉ်းသားချင်းဖလှယ်မှုအစီအရ ပြန်လည်လွတ်မြောက်လာသော အနောက်အုပ်စုနိုင်ငံများထဲတွင် အမေရိကန်နိုင်ငံသားများအပြင် နော်ဝေနိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ပိုလန်နိုင်ငံနှင့် ဆလိုဗေးနီးယားနိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။

#PAN