ပြည်ပသို့ လက်ရှိဘဏ္ဍာနှစ် သုံးလတာကာလအတွင်း ပြောင်းတန်ချိန်တစ်သန်းကျော် တင်ပို့နိုင်ခဲ့

  သြဂုတ် ၃

      ပြည်တွင်းမှထွက်ရှိသော ပြောင်းများကို ပြည်ပသို့တင်ပို့လျက်ရှိရာ ဈေးကောင်းရနေပြီး ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ ပထမသုံးလတာအတွင်း ပြောင်းတန်ချိန်တစ်သန်းကျော်ကို ပြည်ပသို့တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရပါတယ်။

      ပြောင်းကို တရုတ်နှင့် ထိုင်းနိုင်ငံမှ အများဆုံးဝယ် ယူလျက်ရှိပြီး ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန် သွယ်ရေး လမ်းကြောင်းများမှ တင်ပို့လျက်ရှိနေပါတယ်။ ပြည်တွင်းပြောင်းဈေးများမှာ ပြည်ပဝယ်လို အားကောင်းသောကြောင့် ဈေးမြင့်တက်လာပြီး လက်ရှိမှာ ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၁,၄၄ဝ ကျပ်ကနေ ၁,၄၆၀ ကျပ်ကြားရှိနေကာ လာမည့်ပြောင်းစိုက်ရာသီမှာတော့ စိုက်ပျိုးသူများပြားလျက်ရှိနေပါတယ်။

       ပြည်ပသို့ ပြောင်းတင်ပို့မှုစာရင်းများအရ ဧပြီလတွင် ပြောင်းတန်ချိန် ၃၉၀,၀၀၀ ကျော်၊ မေလတွင် ပြောင်း တန်ချိန် ၃၇၀,၀၀၀ ကျော်နှင့် ဇွန်လတွင် ပြောင်းတန်ချိန် ၃၉ဝ,ဝဝဝ ကျော် တင်ပို့ခဲ့ရာ သုံးလတာကာလအတွင်း စုစုပေါင်း ပြောင်းတန်ချိန် တစ်သန်းကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၆၅ သန်းကျော် ရရှိခဲ့ပါတယ်။

     ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဇွန်လအတွင်း ပြည်ပတင်ပို့လျက်ရှိသော ပို့ကုန်များမှရရှိတဲ့ ပို့ကုန်တန်ဖိုး များမှာ ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၂,၄၇၂ ဒသမ ၁၉၉ သန်းနှင့် နယ်စပ်ကုန် သွယ်ရေးမှ အမေရိကန် ဒေါ်လာ ၁,၁၀၂ ဒသမ ၃၁၂ သန်းရရှိခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

#PAN