ဆီဆိုင်အားနောက်တစ်ကြိမ်ဝင်ရောက်ရန် သောင်းကျန်းသူများ အစည်းအဝေးပြုလုပ်ခဲ့

(ပြည်တွင်း) သြဂုတ် ၃

တပ်မတော်ကဝင်ရောက်ရှင်းလင်းခဲ့သည့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့သည် တည်ငြိမ်စပြုလာပြီဖြ​စ်သော်လည်း နောက်တစ်ကြိမ်ဝင်ရောက်ပစ်ခတ်ရန် ယင်းမြို့နှင့် မောက်မယ်မြို့နယ်အတွင်း၌ သောင်းကျန်းသူများအစည်ယအဝေးပြုလုပ်ခဲ့ကြကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဆီဆိုင်မြို့နယ် တောင်ရှေ့အုပ်စု၊ နောင်ထောဝ်ကျေးရွာနှင့် မောက်မယ်မြို့နယ် ဘန့်မတ်ကျေးရွာတို့တွင် ယမန်နေ့ သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းက နောင်ထောဝ်တစ်ဝိုက်ရှိ ကျေးရွာတာဝန်ရှိသူများအား သောင်းကျန်းသူများမှ ခေါ်ယူကာအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဆီဆိုင်ကို နောက်တစ်ကြိမ်ဝင်ရောက်ဖို့ ရွာလူကြီးတွေကိုခေါ်ပြီး စည်းဝေးလုပ်တယ် မနေ့က ။ ဒီနေ့ ဘန့်မတ်မှာလုပ်တယ်။ ဘာပြောလဲ ဒို့မသိဘူး” လို့ အဲ့ဒီဒေသက PAN ၏သတင်းအရင်းအမြစ်ကပြောသည်။

အကြမ်းဖက်သောင်းကျန်းသူများစုဝေးရောက်ရှိနေသည့်နေရာများအား သောင်းကျန်းသူများမှ လက်နက်ကြီးများ အမြှောက်များဖြင့်ပစ်ခတ်ရှုင်းလင်းမှုကြောင့် သောင်းကျန်းသူများမှာ လက်နက်ကြီးကျည်လွတ်ကင်းရာ နောင်ထောဝ်၊ဘန့်မတ်ဘက် စုဖွဲ့ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

#PAN