တံတားဦးမြို့နယ်တွင် အကြမ်းဖက်သမားများက ကျေးရွာသား ၄ဦးအား သတ်ဖြတ်


(ပြည်တွင်း) သြဂုတ် ၃

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၊သမန်းကျေးရွာ၌ အမျိုးသား ၁ဦးနှင့် အောက်တောကျေးရွာမှ အရပ်သား ၃ဦး၊စုစုပေါင်း ၄ဦးတို့အား ယနေ့နံနက်၇နာရီခွဲအချိန်ခန့်တွင် အကြမ်း ဖက်အဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမားအဖွဲ့၏ ပစ်ခတ်မှုကြောင့် တံတားဦးမြို့နယ်၊သမန်းကျေးရွာရှိ နေအိမ်ဘေးတွင် ဦးကျော်ဆန်း၊၅၃နှစ်၊(ဘ)ဦးဌေးမောင်၊သမန်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းတွင် ယာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၃ချက်၊ဝဲဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ် ရာ ၁ချက်၊နဖူး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက် ဒဏ်ရာများဖြင့်လည်းကောင်း၊အောက်တောကျေး ရွာမှနေအိမ်တွင် ဦးကိုကိုလင်းမောင်၊၃၂ နှစ်၊(ဘ)ဦးမောင်အေး၊အမက ကန်ကြီး​၊လက်ထောက်မူပြ၊အောက်တောကျေးရွာနေသူတွင် ဝဲဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ဝဲဘက်လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက် ဒဏ်ရာများဖြင့်လည်းကောင်း၊အောက်တောကျေးရွာ၊ရွာလယ်လမ်းမပေါ်တွင် ဦးအာဇာနည်(ခ)ဦးတင်ရွှေ၊၃၁နှစ်၊(ဘ)ဦးညီမောင်၊တောင်သူ၊အောက်တောကျေးရွာနေသူတွင် လည်ပင်းပြတ်ရှ ဓားဒဏ် ရာဖြင့်လည်းကောင်း၊ဦးတင်ထွန်း (ခ)ဖိုးကား၊၄၀နှစ်၊(ဘ)ဦးလှမောင်၊တောင်သူ၊အောက်တောကျေးရွာနေသူတွင် ဇက်ပိုးပြတ်ရှ ဓားဒဏ်ရာဖြင့်လည်းကောင်း သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၁၀နါရီခွဲ အချိန်ခန့်တွင် လက်နက်ကိုင် အကြမ်း ဖက်အဖွဲ့ဝင် ၈ဦးခန့်မှ ၎င်းအရပ်သားပြည်သူ ၄ဦးအား လာရောက် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရှိရသည်။

#PAN

#ZN