ကျောက်ဆည်မြို့တွင် မြဝတီဘဏ်လုံခြုံရေးဝန်ထမ်း အား အကြမ်းဖက်သမား ၂ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း) သြဂုတ် ၃
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြိုနယ်၊ပုထိုးကျေးတိုင်ရွာအနောက်ဘက်၊ပွတ် တိုင်​ကျေးရွာသွားလမ်းမပေါ်တွင် ယနေ့မွန်းလွဲ၁နာရီ၄၅မိနစ်အချိန်ခန့်က မြဝတီဘဏ်၊လုံခြုံရေးဝန်ထမ်းတစ်ဦးအား အကြမ်းဖက်PDFနှစ်ဦးမှ သေနတ်ပစ်ခတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

ဖြစ်စ်စဥ်မှာ ကိုဖိုးပု(ခ)ကိုအောင်မြိုင်၊၅၃နှစ်၊(ဘ)ဦးချမ်းငြိမ်း၊စစ်မှုထမ်းဟောင်း(ကျောက်ဆည်မြဝတီဘဏ်၊လုံခြုံရေးဝန်ထမ်း)၊ပွတ်တိုင်ကျေးရွာ၊ကျောက်ဆည်မြို့နေသူသည် ၎င်းတာဝန်ထမ်းဆောင်နေသော မြဝတီဘဏ်မှ Supercup အစိမ်းရောင်ဆိုင်ကယ်ဖြင့် တစ်ဦးတည်းနေအိမ်သို့ ပြန်လာစဉ် အမည်မသိ အမျိုးသား ၂ဦးမှ ဆိုင်ကယ် ၁စီးဖြင့် လိုက်ပါလာပြီး ၎င်းအား သေနတ်ဖြင့် ၁ချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမားနှစ်ဦး၏ ပစ်ခတ်မှုကြောင့် ကိုဖိုးပု(ခ)ကိုအောင်မြိုင်၏ ဦးခေါင်း ဝဲ-နောက် စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက် ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံး သွားကြောင်း သိရသည်။

#PAN

#ZN