အသစ်ခေါ်ယူခဲ့တဲ့ ပယ်ဟင်ဟာ ကို မိတ်ဆက်ပွဲလုပ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်


(အားကစား) ဩဂုတ် ၂

ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိအပြောင်းအရွှေ့ကာလတွင် ဖူဟမ်အသင်းကနေ ခေါ်ယူနိုင်ခဲ့တဲ့ ပေါ်တူဂီ ကွင်းလယ်လူ ပယ်ဟင်ဟာ ကို ဇူလိုင်လ ၃၀ ရက်က အသင်းရဲ့အိမ်ကွင်းမှာ ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

ပယ်ဟင်ဟာ ကို ၄ နှစ်စာချုပ်နဲ့ ဖူဟမ်အသင်းကနေ ခေါ်ယူနိုင်ခဲ့ပြီလို ဇူလိုင်လ ၁၁ ရက်မှာတည်းက တရားဝင် ကြေညာခဲ့ပြီး ကစားသမားဘဝအိပ်မက်တွေ အမှန်တကယ်ပြည့်မြောက်လာခဲ့တာဖြစ်သလို နာမည်ကြီး ကစားသမား တွေနဲ့အတူ တစ်သင်းတည်းကစားရမယ့်အပေါ် ဝမ်းသာမိတယ်လို့ ပယ်ဟင်ဟာ က ပြောခဲ့ပါတယ်။

ပယ်ဟင်ဟာ အနေနဲ့ ၂၀၂၃ ခုနှစ်ကပင် ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို နီးစပ်ခဲ့တာဖြစ်ပေမယ့် အခုအချိန်ကျမှ အသင်းကို တရားဝင်ပြောင်းရွှေ့နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ