ဝဲခမိတွင် ကျောင်း၌ချိန် ဆရာ/ဆရာမများကို အကြမ်းဖက်များဝင်ရောက်ဖမ်းဆီး


(ပြည်တွင်း) ဩဂုတ် ၂

သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွားက အခြေခံပညာအထက်တန်းကျောင်း ဝဲခမီက ကျောင်းဆရာ ဆရာမ များကို အကြမ်းဖက်သောင်းကျန်းသူများမှ ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ၏ပြောဆိုချက်များအရ သိရသည်။

“သူတို့ ၁၅ ယောက်လောက်ရောက်လာပြီး စာသင်နေတဲ့ဆရာ တွေရောကို စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်လို့ပြောတယ်။

ဘယ်အဖွဲ့ကလာခေါ်သွားလဲမသိဘူး မိသားစုဝင်ကတော့ အတော်လေး စိတ်ပူနေကြတယ်” ဟု ကျောင်းသားမိဘတစ်ဦးမှ PAN သို့ပြောသည်။

ဝဲခမိအထက်တန်းကျောင်းအတွင်းသို့ အကြမ်းဘက်သောင်းကျန်းသူ အဖွဲ့ဝင် ၁၅ ဦးခန့် ဝင်ရောက်လာပြီး ဆရာ/ဆရာမ ၅ ဦးကို စစ်ဆေးစရာရှိသည်ဟု ပြောဆိုကာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေ (IHL) အရ စာသင်ကျောင်းများကို မည်သည့်စစ်ရေး ရည်ရွယ်ချက်အတွက်မဆို အသုံးမပြုရန်၊ ကျောင်းသားများ၊ ဆရာ/မများနှင့် ပညာရေးတွင် ပါဝင်သည့် အခြားသူများကို တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနှောင့်အယှက်ပေးခြင်း သို့မဟုတ် အခြားအကြမ်းဖက်မှုများကို ကျူးလွန်ခြင်း မပြုလုပ်ရန် တားမြစ်ထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

MTM #SZ