လူ ၂၀၀ ကျော်သေဆုံးခဲ့သည့် ဆန္ဒပြမှုများကြောင့် Jamaat-e-Islami ပါတီကို ပိတ်ပင်


(နိုင်ငံတကာ) ဩဂုတ် ၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူ ၂၀၀ ကျော်အထိ သေဆုံးခဲ့ရသည့် ဆန္ဒပြမှုများအပြီးတွင် Jamaat-e-Islami ပါတီနှင့် ကျောင်းသားအဖွဲ့အချို့ကို ဘင်္ဂလားဒေ့ရှ်က ပိတ်ပင်လိုက်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့် သူမ၏ မဟာမိတ် နိုင်ငံရေးသမားများက Jamaat-e-Islami၊ Islami Chhatra Shibir ကျောင်းသားအဖွဲ့နှင့် အခြားသောအဖွဲ့များအား အကြမ်းဖက်မှုကို လှုံ့ဆော်ခြင်းအတွက် အပြစ်တင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာနက အဆိုပါတားမြစ်ပိတ်ပင်ချက်အား အကြမ်းဖက်မှု ဆန့်ကျင်ရေးဥပဒေဖြင့် အဆိုပါအဖွဲ့အစည်းများအား ပိတ်ပင်ကြောင်း ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ကာ ဖြစ်ပွားခဲ့သည် နိုင်ငံအဝှမ်းဆန္ဒပြမှုများတွင် အနည်းဆုံး လူ ၂၁၁ ဦးသေဆုံးခဲ့ပြီး လး ၁၀၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

Jamaat-e-Islami ၏ အကြီးအကဲ Shafiqur Rahman က အဆိုပါ ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ပြီး ၎င်းသည် အကြမ်းဖက်မှုနောက်ကွယ်တွင် မရှိကြောင်း ငြင်းဆိုခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ