ပြည်ပခရီးစဉ် လေယာဉ်လက်မှတ်များကို နိုင်ငံခြားသားများလည်း မြန်မာကျပ်ငွေဖြင့် ဝယ်ယူနိုင်


(ပြည်တွင်း) ဩဂုတ် ၂

မြန်မာအမျိုးသားလေကြောင်းလိုင်း MNA က ပြည်ပခရီးစဉ်လက်မှတ်များကို မြန်မာနိုင်ငံသားများသာမက နိုင်ငံခြားသားများပါ မြန်မာကျပ်ငွေဖြင့် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ အသိပေးကြော်ငြာ ထားပါတယ်။

နိုင်ငံခြားသားများအနေနဲ့ ပြည်ပခရီးစဉ်များအတွက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါက MNA ရုံးဖုန်းသို့ တိုက်ရိုက်ဆက်သွယ် ဝယ်ယူနိုင်သည့်အပြင် ပြင်ပခရီးသွားလုပ်ငန်း အေးဂျင့်များတွင်လည်း ဆက်သွယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ