ပြည်ခိုင်ဖြိုးများအားသတ်ဖြတ်သည့် စစ်ကိုင်းတိုင်း CRPH ဥက္ကဋ္ဌ ရွှေလှံငတန်းတိုက်ပွဲဒဏ်ရာကြောင့် သေဆုံး


(ပြည်တွင်း) ဩဂုတ် ၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်မှုများကျူးလွန်နေသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အကြမ်းဖက်အဖွဲ့၏ တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးမြင့်ထွေးမှာ တန့်ဆည်မြို့နယ် ရွှေလှံ ငတန်းတိုက်ပွဲတွင့်တွင်ရရှိခဲ့သော ဒဏ်ရာကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းအရင်းအမြစ်များ၏ပြောဆို ချက်အရ သိရသည်။

“ရေဦး မြင့်ထွေး CRPH ဥက္ကဌ ဆိုတဲ့ကောင်ကတော့ သေပြီဗျာ တန်ဆည်ဘက်က ရွှေလှံ ငတန်းဘက်မှာ စစ်ကြောင်းကပစ်တဲ့ကျည်ထိပြီး ရေဦး တမာတော ဆေးရုံမှာ တိုးတိုးတိတ်တိတ်ကုနေတာ အဲဒီဒဏ်ရာနဲ့ပဲ ၁ ရက်နေ့က သေသွာပြီ”လို့ သတင်းအရင်အမြစ်က PAN ကိုပြောသည်။

စစ်ကိုင်းတိုင်း CRPH ဥက္ကဋ္ဌ ရေဦး မြင့်ထွေ (ခ) ဦးမြင့်ထွေဆိုသူမှာ တန့်ဆည်မြို့နယ်အတွင်းရှိ ရွှေလှံ ငတန်းတိုက်ပွဲတွင် တပ်မတော်စစ်ကြောင်း၏ ပစ်ခတ်ရှင်း လင်းမှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး ရေဦးမြို့နယ် တမာတောဆေးရုံတွင် သေဆုံးသွားသည်ဟု ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့ ညပိုင်းတွင် သေဆုံးသွားကြောင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

“ရေဦးကကြံ့ခိုင်ရေးတွေကိုသတ်တဲ့ကောင်ပါ့ ဒီကောင်တွေအများကြီးသတ်ခဲ့ကြတာ ခုတော့သေပြီ ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံစားလိုက်ရတာပေါ့ ကံကံရဲ့အကျိုး တွေပေါ့ဗျာ” ဟု ဒေသခံတစ်ဦးမှ ပြောသည်။

သေဆုံးသွားသူ စစ်ကိုင်းတိုင်း CRPH ဥက္ကဋ္ဌ ဦးမြင့်ထွေးရဲ့ ရုပ်အလောင်းကို ယနေ့ ဩဂုတ် ၂ နေ့ ညနေ ၄ နာရီအချိန်တွင် တမာတောဆေးရုံ၏ အနောက်ဘက်၊ ရင်ခွဲရုံအဟောင်အနီး သင်္ဂြိုမည်ဟု သတင်းများထွက်ပေါ်နေသည်။

စစ်ကိုင်းတိုင်း CRPH ဥက္ကဋ္ဌ ရေဦးမြင့်ထွေးသည် ရေဦးမြို့တွင် အဘဦးသိန်းဆောင် အမိဒေါ်စန်းမှမွေးဖွားခဲ့ပြီး ရေဦးမြို့ ၊အောင်ဆန်းရပ်တွင် နေထိုင်ပြီး မိုးကောင်းကင်ဇီးယိုလုပ်ငန်းလုပ်ကိုင်သူဖြစ်သည်။

၂၀၁၅ခုနှစ်ပါတီစုံရွေးကောက်ပွဲတွင် ရေဦးမြို့နယ်မဲဆန္ဒနယ်မြေ(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြောက်ခံရသည်။

၂၀၂၀ခုနှစ်ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်တွင်ပင်ဝင်ရာက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲမသမာမှုများ မဲလိမ်မဲခိုးမှုများအား ကျူးလွန်ခဲ့သူဖြစ်ပြီး ၁. ၂. ၂၄ ရက်နေ့ နောက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး CRPH ဥက္ကဌ ဖြစ်လာသည်။

ဆန္ဒပြခြင်း၊ လက်နက်ကိုင်တော်လှန်ခြင်းများကိုဦးဆောင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ဇနီးဖြစ်သူမှာ ဒေါ်မိုးစံပယ်ဖြစ်ကာ၎င်းတွင် သားတစ်ဦး သမီးတစ်ဦး ထွန်းကားခဲ့ သည် ဟုသိရှိရပြီး သားဖြစ်သူ ကိုဇွဲ(ဇွဲဝေယံ)မှာ ရွှေဘိုခရိုင် ပကဖတပ်ရင်း၁၄၏ တပ်ရင်းမှူးဟုသိရသည်။

ဦးမြင့်ထွေးသည် ရေဦးမြို့နှင့်အနီးဒေသများရှိ ရဟန်းသံဃာများ အပစ်မယ့်ပြည်သူများ ပြည်ခိုင်ဖြိုးပါတီဝင်များအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူ တန့်ဆည်မြို့နယ်အတွင်းရှိကျေးရွာများအား မီးရှို့ဖျက်စီးမှုများ ပြုလုပ်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ