စကားပြောစနောက်ရာမှ ဓါး ထိုးမှုဖြစ်ပွား


(ပြည်တွင်း) သြဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့၊ မြို့မ(၈)ရပ်ကွက်၊ (၂)လမ်းထိပ်တွင် ယမနနေ့ ညနေ ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က ဓါးထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ မြို့မ(၈)ရပ်ကွက်၊ အောင်သပြေ(၂)လမ်းနေ ကိုရဲ(ခ)ရဲဝင်းဇော်၊ အသက် ၂၂ နှစ်သည် ညနေ ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် (၂)လမ်းထိပ် ထမင်းဆိုင်တွင်ထိုင်နေစဉ် အေးချမ်ကို ဆိုသူနှင့် စကားပြောစနောက်ရာမှ အေးချမ်းကို မှ အနောက်မှနေ၍ ဓါးဖြင့်ဝင်ထိုးပြီးထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

ထို့နောက် မြို့မရဲစခန်းမှတာဝန်ကျရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ဓါးဖြင့်အထိုခံရသူအား ဘိုကလေးမြို့ကုတင်(၁၀၀)ဆေးရုံသို့ ပို့ဆောင်ဆေးကုသစဥ် ည ၈ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့်တရာခံအားဖမ်းဆီးရမိရေး အပူတပြင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ