ဂျပန်အပူလှိုင်းဖြတ်မှုဖြစ်စဉ်တွင် နှစ်ပေါင်း ၁၂၆ နှစ်အတွင်း အပူချိန် အမြင့်ဆုံးဖြစ်


(နိုင်ငံတကာ) ဩဂုတ် ၂

ဂျပန်နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အပူလှိုင်များကြောင့် နှစ်ပေါင်း ၁၂၆ နှစ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လသည် အပူပြင်းဆုံး ရာသီဥတုအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။

ဂျပန် မိုးလေဝါသအေဂျင်စီ၏ ထုတ်ပြန်ချက်မရ ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် နိုင်ငံတဝန်း အပူချိန်မြင့်တက်လာကာ အန္တရာယ်ရှိသော အဆင့်ထိရောက်ရှိခဲ့ကြောင်းသိရသည်။

ဇူလိုင်လတွင် တစ်နိုင်ငံလုံးပျမ်းမျှ အပူချိန်မှာ ပုံမှန်ထက် ၂.၁၆ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ခဲ့ပြီး ၁၈၉၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် အပူချိန်ထက် ပိုမိုမြင့် တက်ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံဆောင်ပိုင်း ကာဂိုရှီးမားစီရင်စုနှင့် အိုကီနာဝါစီရင်စုတို့တွင် ၁၉၄၆ ခုနှစ်က စံချိန်တင်ခဲ့သည့် ပျှမ်းမျှ အပူချိန်ထက် အမြင့်ဆုံးဖြစ်ခဲ့သည်။

နိုင်ငံအတွင်းရှိ ဒေသပေါင်း ၁၅၃ ခုအနက် ၆၂ နေရာတွင် ဇူလိုင်လတွင် အမြင့်ဆုံး အပူချိန်နှင့်ရင်ဆိုင်ခဲ့ရသည့်အတွက် အပူချိန်သတိပေးချက်များ ထုတ်ပြန်ထား ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ