ချဲလ်ဆီးအသင်းက လူကာကူ ကို အိုဆီမန် နဲ့ လဲလှယ်ရန်ဆောင်ရွက်


(အားကစား) ဩဂုတ် ၂

ချဲလ်ဆီးအသင်းက တိုက်စစ်မှူး လူကာကူ ကို နာပိုလီတိုက်စစ်မှူး အိုဆီမန် နဲ့ တိုက်ရိုက်လဲလှယ်နိုင်ရန် ကြိုးပမ်းနေတာဖြစ်ပါတယ်။

အိုဆီမန် ဟာ နာပိုလီအသင်းကနေ ထွက်ခွာချင်တယ်လို့ ပြောဆိုထားတာကြောင့် ချဲလ်ဆီးအသင်းဟာ အိုဆီမန် ကို အငှားခေါ်ယူခြင်းကနေ အပြီးသတ်ဝယ်ယူခွင့်ပုံစံနဲ့ ခေါ်ယူဖိုစိတ်ဝင်စားနေပြီး အပြန်အလှန်အားဖြင့် လူကာကူ ကို နာပိုလီအသင်းထံ ပြန်လည်ပြီး ရောင်းချသွားဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

လူကာကူ အနေနဲ့ကလည်း ချဲလ်ဆီးအသင်းကို ပြန်ရောက်လာချိန်ကစပြီး အင်တာမီလန်နဲ့ ရိုးမား အသင်းတို့မှာ အငှားနဲ့သာ ထွက်ကစားနေရတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်ရှိအပြောင်းအရွှေ့ရဲ့ ထိပ်တန်းပစ်မှတ်အဖြစ် အိုဆီမန် ကို ပစ်မှတ်ထား ဆောင်ရွက် နေတာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ